ကုမ္ပဏီတွေဟာဆိုရင်တော့ သူတို့ကိုအကျိုးဆောင်နေပေးနေတဲ့ ဝန်ထမ်းတွေကို ပျော်ရွှင်စေဖို့အတွက် လစဉ်ပဲဖြစ်ဖြစ် တနှစ်တစ်ခါပဲဖြစ်ဖြစ် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးတတ်ကြပါတယ်။

ထိုသို့ကျင်းပပေးလိုက်ခြင်းကတော့ ဝန်ထမ်းတွေရဲ့စိတ်ကို ပျော်ရွှင်လာစေသလို သူတို့ရဲ့အလုပ်လုပ်ခြင်စိတ်ကို ပိုမိုတက်ကြွလာစေနိုင်ပါတယ်။

ထိုသို့ ပျော်ပွဲရွှင်ပွဲတွေကျင်းပပေးတဲ့နေရာမှာတော့ ကုမ္ပဏီတစ်ခုနဲ့တစ်ခု ကျင်းပပုံခြင်းမတူူကြပေမယ့် တရုတ်နိုင်ငံထဲက ကုမ္ပဏီတစ်ခုရဲ့ ပါတီပွဲကျင်းပပုံကတော့ လူအများကို တော်တော်လေးစိတ်ဝင်စားသွားစေခဲ့ပါတယ်။ 

၎င်းကုမ္ပဏီဟာ အလှအပနဲ့ အသားအရည်ထိန်းသိမ်းရေး ထုန်ကုန်တွေကို ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်သလို သူတို့ရဲ့ ကုမ္ပဏီနှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲ အခမ်းအနားက လုပ်ရပ်တစ်ခုကတော့ လူအများကိုစိတ်ဝင်စားသွားစေခဲ့တာပဲဖြစ်ပါတယ်။

ဒီလုပ်ရပ်ကတော့ ပျော်ပွဲရွှင်ပွဲကျင်းပရာစတိတ်စင်ပေါ်မှာ အမျိုးသမီးဝန်ထမ်းတွေအချင်းချင်း တယောက်ပါးကိုတစ်ယောက် အသားကုန်ရိုက်ခိုင်းခဲ့တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းလုပ်ရပ်ဟာ တနှစ်ပတ်လုံးရောင်းအားပြည့်မှီအောင် မလုပ်ဆောင်ပေးနိုင်တဲ့ အရောင်းဝန်ထမ်းတွေကို သူဌေးက ဒဏ်ပေးခဲ့တဲ့ လုပ်ရပ်တစ်ခုဖြစ်သလို တယောက်ပါးတစ်ယောက်ရိုက်နေတဲ့ ဝန်ထမ်းအမျိုးသမီးလေးတွေရဲ့အနောက်မှာလည်း စာနာစိတ်မရှိသောအသင်း ဆိုတဲ့စာတမ်းကို ရေးထိုးပြသထားခဲ့တယ်လို့သိရပါတယ်။ 

သူဌေးပေးတဲ့အပြစ်ဒဏ်ကြောင့် ဒါဇင်နဲ့ချီတဲ့ အရောင်းဝန်ထမ်းအမျိုးသမီးလေးတွေဟာ စင်ပေါ်မှာ ဒူးထောက်ပြီး တစ်ယောက်ပါးကိုတစ်ယောက် တဖတ်ဖတ်မြည်အောင် ရိုက်နေရတာကြီးက ကြည့်နေရင်းနဲ့တောင် သနားလာမိစေပါတယ်။

ဒီဖြစ်ရပ်ကိုမြင်တွေ့ပြီးတဲ့ အင်တာနက်သုံးစွဲသူတွေဟာဆိုရင်လည်း ဒါဟာ ပျော်ပွဲရွှင်ပွဲကျင်းပပေးတာမဟုတ်ဘူး စင်ပေါ်တင်ပြီး ဝန်ထမ်းတွေကို ညှဉ်းပန်းနှိပ်စက်နေတာဖြစ်တယ်လို့ ပြစ်တင်ဝေဖန်နေကြပါတယ်။

ဒီလုပ်ရပ်နဲ့ပတ်သတ်ပြီး ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒါဟာ ဝန်ထမ်းတွေရဲ့ ညီညွတ်မှုကို ပြသတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယခုသတင်းလေးထဲမှာလည်း ဗီဒီယိုလေးကိုပါ တခါတည်းထည့်သွင်းဖော်ပြပေးထားတာဆိုတော့ ပရိသတ်တွေရာ ဒီဗီဒီယိုလေးကိုကြည့်ပြီး ပြောစရာစကားလေးတွေရှိရင် ပြောခဲ့ကြဦးနော်။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။