လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဆီး၊ ဝမ်း၊ လေ မှန်ကန်မှ ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်မှာပါ။ အရမ်းကို အရေးကြီးလို့ ပေါ့ပျက်ပျက်တော့ မတွေးလိုက်ပါနဲ့။ အသက်ကို ဉာဏ်စောင့်တယ် ဆိုတဲ့ စကားအတိုင်း ကိုယ်ဖြစ်နေတဲ့ ရောဂါတွေကို အလွယ်တကူသိနိုင်ဖို့ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါကြောင့် နည်းလမ်းတွေအများကြီးထဲကမှ ဒီနေ့တော့ သင့် စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ကြည့်ပြီး သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ဘယ်လောက်ထိသိနိုင်လည်း ဆိုတာကို ပြောပြပေးမှာပါ။ ထမင်းစားနေရင်းတော့ နောက်မှဖတ်ဖို့ save ထားလိုက်ပါနော်။

(၁) သင့်ရဲ့ အီအီးက အနက်ရောင်ဖြစ်နေခဲ့မယ်ဆိုရင် နေ့တိုင်းဆေးသောက်နေရတာကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် သံဓာတ်အားဖြည့်ဆေးသောက်နေရတဲ့ အခါမျိုးတွေမှာဖြစ်တတ်သလို အူအတွင်း သွေးယိုစိမ့်မှုကြောင့်လည်း ဖြစ်နိုင်တာကြောင့် သင်က နေ့တိုင်း ဆေးသောက်နေရတဲ့ သူမဟုတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

(၂) အဖြူရောင် ဒါမှမဟုတ် မီခိုးရောင် ဖြစ်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ သည်းခြေ မှာ ပြဿနာဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် အဖြူရောင် ဖြစ်နေမယ်ဆို၇င်တော့ အသည်းခြောက်တာ မျိုးတွေဖြစ်နေနိုင်သလို သည်းခြေမှာကျောက်တည်နေတာလည်း ဖြစ်နိုင်ပါတယ်။

(၃) အဝါရောင်လေးဖြစ်နေမယ်ဆိုရင် သင့်ရဲ့ အစာခြေစနစ်မှာ အမှားယွင်းတစ်ခု ဖြစ်နေလို့ပါ။ ဒါမှမဟုတ်ရင်တော့ အဝါရောင်ရှိတဲ့ အစားအစာတစ်ခုကို စားမိလိုက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။

(၄) အနီရောင်လေးဖြစ်နေခဲ့မယ်ဆိုရင်တော့ လုံးဝကို မပေါ့စလိုက်ပါနဲ့။ ဒါက စအိုဝမှာ ဒါမှမဟုတ် အစာအိမ်လမ်းကြောင်းတစ်နေရာမှာ အနာဖြစ်နေတာကြောင့် သွေးစလေးတွေပါလာတာပါ။ အခန့်မသင့်ရင် ကင်ဆာတောင်ဖြစ်နေနိုင်လို့ ဆရာဝန်နဲ့ သေချာ ပြသင့်ပါတယ်။

(၅) အစိမ်းရောင်လေးဖြစ်နေမယ် ဆိုရင်တော့ သင့်ရဲ့ အစာအိမ်မှာ အစောခြေစနစ် အရမ်းမြန်နေတာလည်း ဖြစ်နိုင်သလို အစိမ်းရောင်ရှိတဲ့ အစားအစာတွေကို အများကြီး စားလိုက်မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။

(၆) နောက်ဆုံးအနေနဲ့ သင့်ရဲ့ အီအီးက အညိုရောင်ဖြစ်နေပြီး ငှက်ပျောသီးသဏ္ဍာန်မျိုးဖြစ်နေရင်တော့ သင့်က တကယ့်ကို ကျန်းမာရေးကောင်းတဲ့ လူတစ်ယောက်ဖြစ်တဲ့ အပြင် ဘာရောဂါမှ မရှိလို့ စိုးရိမ်စရာလည်း မလိုပါဘူးနော်။

ကိုယ်တိုင်ကျန်းမာရေးကို စစ်ဆေးနိုင်တယ်ဆိုတာလည်း ဗဟုသုတကြွယ်ဝလို့ပါ။ ရွံစရာမဟုတ်လို့ နေ့တိုင်း ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးကြည့်ပြီး ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ပါစေ။

Source: webmd.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။