ချောကလက်က အနောက်နိုင်ငံရဲ့ သရေစားတစ်ခုဖြစ်တဲ့ အပြင် သူ့ကို ပုံစံအမျိုးမျိုးနဲ့ လုပ်ပြီး စားလို့ရပါတယ်။ ကမ္ဘာပေါ်မှာတော့ dark chocolate ကို အကောင်းဆုံး ချောကလက်အဖြစ် သတ်မှတ်ထားကြပြီး Valentine Day လို့ နေ့မျိုးလေးမှာ ကိုယ်ချစ်ရတဲ့ သူတွေကို လက်ဆောင်အဖြစ် အများဆုံးပေးတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း VDay နေ့လေးက ရောက်လာတော့မှာဆိုတော့ ကိုယ်ချစ်ရတဲ့ သူတွေကို ချောကလက်ရဲ့ ကောင်းကျိုးလေးတွေပြောပြပြီး လက်ဆောင်ပေးနိုင်အောင် ချောကလက်စားရင်းရရှိနိုင်မယ့် ကောင်းကျိုး (၁၀)ချက်ကို ပြောပြပေးလိုက်ပါတယ်။

(၁) ချောကလက်စားခြင်းက နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်စေပြီး သင့်တော်တဲ့ သရေစာတစ်ခုလည်း ဖြစ်ပါတယ်။ များသောအားဖြင့် dark chocolate တွေက နှလုံးသွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပြီး နှလုံးရောဂါတွေ မဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) ခောျကလက်စားခြင်းက လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာစမ်းသပ်မှုတွေအရ တွေ့ရှိခဲ့ပါတယ်။ တကယ့်ကို အံ့မခန်းပါပဲ။ ဒါကြောင့် ချောကလက်စားပေးမယ်ဆိုရင် လေဖြတ်ခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။

(၃) ချောကလက်မှာ ခန္ဓာကိုယ်ကို အထောက်အကူပြုပေးနိုင်တဲ့ potassium ၊ zinc နဲ့ selenium ဓာတ်တွေပါဝင်တာကြောင့် အာဟာရဓာတ်လည်း ပြည့်ဝတဲ့ အစားအစာတစ်မျိုးပါ။

(၄) ဒါပြင့် ချောကလက်က ကိုလက်စရောကို အကောင်းဆုံးလျော့ချပေးနိုင်တာကြောင့် မလိုလားတဲ့ ရောဂါတွေကိုလည်း မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

(၅) နောက်တစ်ချက် ချောကလက်စားတဲ့ ကိုကို မမတွေက အသားအရေပိုပြီး လှတဲ့ အပြင် နေရောင်ခြည်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၆) ဝိတ်လျော့နေတဲ့ သူတွေအတွက်ကတော့ ချောကလက်က နေ့စဉ်စားပေးသင့်တဲ့ အရာတစ်ခုပါ။ ချောကလက်က ခန္ဓာကိုယ်အလေးချိန်ကို လျော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျော့ချတဲ့ နေရာမှာ အထောက်အကူဖြစ်စေပါတယ်။

(၇) ကိုယ်ဝန်ဆောင် မိခင်တွေအတွက်လည်း ချောကလက်က သင့်လျော်တဲ့ အစားအစာတစ်ခုပါ။ ချောကလက်စားပေးခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့နည်းစေပြီး စိတ်ကို တည်ငြိမ်စေတာကြောင့် ကိုယ်ဝန်ဆောင် မိခင်အတွက်လည်း သင့်လျော်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

(၈) ချောကလက်က ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။ ချောကလက်လုပ်တဲ့ နေရာမှာအသုံးပြုတဲ့ ကိုကိုးသီးမှာဆိုရင် အင်ဆူလင်ဓာတ်ပါဝင်တာကြောင့် ဆီးချိုရောဂါကို အကောင်းဆုံးတိုက်ဖြတ်ပေးနိုင်ပါတယ်။

(၉) နောက်တစ်ချက်က ချောကလက်စားရင် ဉာဏ်ကောင်းတယ်ဆိုတာ ယုံလားတော့မသိဘူး။ ချောကလက်စားတဲ့ သူအများစုက သာမန်ထက်ပိုပြီး မှတ်ဉာဏ်စွမ်းရည်ကောင်းမွန်တဲ့ အပြင် ဉာဏ်ရည်ထက်မြတ်တာကိုလည်း မြင်တွေ့ရမှာပါ။

(၁၀) နောက်ဆုံးတစ်ချက်ကတော့ ချောကလက် စားချင်က သင့်ခံစားနေကတဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးဖြေလျော့ပေးနိုင်လို့ စိတ်ဆိုးနေတဲ့ ကိုယ့်ရဲ့ ကောင်မလေးကို ပေးဖို့ အသင့်ဆုံးပါပဲ။

ဒီလောက်ဆိုရင် ချောကလက်ကောင်းကြောင်းလည်း သိပြီးဆိုတော့ ကိုယ်ချစ်ရတဲ့ သူတွေကို ချောကလက်ပေးဖို့လည်း မမေ့လိုက်နဲ့နော်။

Source: telegraph.co.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။