လီမာအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုဖို့ ဗင်နီဇွဲလား တပ်မတော်ကို တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

၎င်းလီမာအဖွဲ့ကတော့ အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံပါရှိပြီး ၁၁ နိုင်ငံက ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုပေးဖို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။ 

ဟွမ်ဂွယ်ဒိုကတော့ သြစတြီးယား၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ လတ်ဗီးယား၊ လူဇင်ဘတ်၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီနဲ့ ဆွီဒင် နိုင်ငံတို့ကလည်း ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ်တင်မြှောက်ဖို့ ထောက်ခံထားကြပါတယ်လို့လည်းသိရပါတယ်။ 

လီမာအဖွဲ့ဟာ ဟွမ်ဂွယ်ဒိုကို သမ္မတအဖြစ်တင်မြှောက်အပြီးမှာ လွပ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ပါတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ၎င်းလီမာအဖွဲ့ဟာ သမ္မတဟောင်း မာဒူရိုကို အစိုးရငွေကြေးနဲ့ ပြည်ပနိုင်ငံတွေမှာ ကုန်သွယ်ရေး အရောင်းအဝယ်ကီစ္စတွေ လုပ်ဆောင်နိုင်ခြင်းမရှိအောင် တားဆီးပေးဖို့ပါ တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။