မကြာခဏဆိုသလို ကြားသိနေရတဲ့ လူသေမှုသတင်းတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါလူသေဆုံးမှုတွေထဲမှာ ရေနစ်သေဆုံးမှုတွေကတော့ များစွာရှိနေပြီး မကြာခဏဆိုသလို ပြည်တွင်းရေကြောင်းလမ်းမှာ အလောင်းတွေ တွေ့ရှိလျှက်ရှိတာပဲဖြစ်ပါတယ်။  

အဆိုပါ ရေနစ်သေဆုံးမှုတွေထဲမှာ မန္တလေးမြို့ရှိ ကျုံးရေကန်အတွင်း အမျိုးသမီးတစ်ဦးသေဆုံးမှုတစ်ခုလည်းပါဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၄ရက်နေ့ နေ့လည်၂နာရီ ၂၆မိနစ်အချိန်ကမန္တလေးမြောက်ပြင်၁၂လမ်း၆၈/၇၀လမ်းကြားကျုံးရေထဲတွင်ရေနစ်သေဆုံးနေသောအမျိုးသမီးအလောင်းပေါ်နေသဖြင့်နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးRescueအဖွဲ့ချက်ချင်းသွားရောက်ဆယ်ယူ၍ခန္တီမေတ္တာနာမှုကူညီရေးမော်တော်ယာဉ်ယာဉ်ဖြင့်မန္တလေးပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း ကနဦးသတင်းများအရသိရပါတယ်။  

အသက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက်ဖြစ်ပြီး နာမည်၊ နေရပ်လိပ်စာနဲ့ သေဆုံးသည့်အကြောင်းအရင်းတွေကို စုံစမ်းလျှက်ရှိကြောင်း သိရပါတယ်။ မကြာခဏဆိုသလို ကြားနေရတဲ့ ရေနစ်သေဆုံးမှုတွေထဲက ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ အဆိုပါ ရေနစ်သေဆုံးသူအမျိုးသမီးတစ်ဦးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။