နှုတ်ခမ်းနီမလေးတွေအသည်းစွဲ Exo အဖွဲ့အပါအဝင် အခြား Kpop အဖွဲ့များပါဝင်ဖောျ်ဖြေမယ့်

Kpop Festival 2017 in Myanmar ပွဲဟာစတင်ကြေညာချိန်ထဲက မြန်မာနိုင်ငံက Kpop ပရိတ်သတ်တွေကြား

လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တာပါ ... Show လက်မှတ်ဝယ်ဖို့စောင့်ဆိုင်းကြသူများလဲ အများအပြားရှိနေပါတယ် ။

လက်မှတ်စျေးက Early Bird လက်မှတ်ကို အမြင့်ဆုံး ၃ သိန်းမှ အနိမ့်ဆုံး ၅၀၀၀၀ ထိ ရှိပါတယ် ။

ထိုလက်မှတ်တွေစတင်ရောင်းချတဲ့နေ့မှာ ၁၂ မိနစ်အတွင်းမှာတင် လက်မှတ်အကုန်ရောင်းကုန်သွားတာပါ ။

မြန်ဆန်လွန်းလှပါတယ် ။ လက်မှတ်ဝယ်မရလိုက်တဲ့ သူတွေလဲ အများအပြားရှိပြီး Online ပေါ်မှာ ပိုဝယ်ထားမိတဲ့

လက်မှတ်တွေရှိရင် ပြန်ရောင်းကြဖို့ တောင်းဆိုနေတဲ့ Status အများအပြားလဲ တက်လာခဲ့တာပါ ။

အားပေးကြမ်းတဲ့ မြန်မာပရိတ်သတ်တွေပါပဲ ... KPOP Festival In Myanmar ရဲ့ တရားဝင် Page ကတော့

" Kpop Festival 2017 in Myanmar ပရိတ်သတ်ကြီး

Early Bird Ticket များ ၁၂မိနစ်အတွင်း အကုန် ရောင်းထွက်သွားပါပြီ။

အကယ်လို့ ဖျက်သိမ်းတဲ့သူရှိခဲ့ရင် ပြန်ဝယ်လို့ရပါလိမ့်မယ်ရှင်။

Official ticket တွေကိုတော့ ဧပြီလ ၁ရက်နေ့မှာ စပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

Official တွေအတွက်လည်း လက်ဆောင်တွေပြင်ဆင်ပေးသွားမှာပါ။

ကျေးဇူးတင်ပါတယ်ရှင် " လို့ ကြေညာထားတာကိုတွေ့ရပါတယ် ။

Official Ticket တွေကျရင်လဲ International က Exo Fan များနဲ့အတူ လုဝယ်ရဦးမယ့်အခြေအနေရှိတာမို့လက်မှတ်ရဖို့ မသေချာဘူးဆိုတဲ့

မှတ်ချက်များလဲတွေ့ရပါတယ် ... Exo အဖွဲ့ရဲ့အောင်မြင်မှုကတော့ တကယ့်ကိုအံအားသင့်စရာပါပဲနော် ...

Source : Kpop Festival 2017 in Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။