မြန်မာ့ဘောလုံးလောကရဲ့အအောင်မြင်ဆုံးအချိန်ကိုတော့ပရိသတ်တွေယနေ့ထိတိုင်မှတ်မိကြမယ်ထင်ပါတယ်။၂၀၁၅ယူ၂၀ကမ္ဘာဖလားကိုသမိုင်းတစ်လျောက်ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေအတွက်တော့မမေ့နိုင်တဲ့နေ့ဖြစ်ခဲ့ရပါတယ်။

အဆိုပါကမ္ဘာဖလားယှဉ်ပြိုင်ဖို့အတွက်မြန်မာယူ၁၉အသင်းဟာ၂၀၁၄ခုနှစ်ကအိမ်ရှင်အဖြစ်ကျင်းပတဲ့ AFC U 19 Championship ပြိုင်ပွဲမှာဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။မြန်မာအသင်းဟာကွာတားဖိုင်နယ်မှာအာရှအင်အားပြီးယူအေအီးအသင်းနဲ့တွေ့ဆုံခဲ့ပြီးအောင်သူဖန်တီးပေးမှုကိုသန်းပိုင်ကအဆုံးသတ်နိုင်ခဲ့တဲ့ဂိုးနဲ့ကမ္ဘာဖလားဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲအပြီးမှာမြန်မာဘောလုံးချစ်ပရိသတ်တွေကကွင်းထဲထိဝင်ရောက်အောင်ပွဲခံခဲ့ကြတာပါ။အဲ့တုန်းကအချိန်လေးတွေကတော့ပရိသတ်တွေယနေ့တိုင်မှတ်မိနေဦးမှာပါ။နောက်ပိုင်းမှာအောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာအသင်းအတွက်ခုဆိုရေရှည်စီမံကိန်းတွေရေးဆွဲထားတာကြောင့်ပရိသတ်တွေမြန်မာအသင်းရဲ့ပွဲစဉ်တွေကိုအားပေးပြီးအဲ့တုန်းကအောင်ပွဲခံvideoလေးကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။