Myanmar Idol အဆိုပြိုင်ပွဲဟာ ရေပန်းအစားဆုံးအဆိုပြိုင်ပွဲတစ်ခုဖြစ်ပါတယ် ။

ပြိုင်ပွဲဝင်တိုင်းကို အားပေးသူများ အစုအဝေးလိုက်ရှိပြီး ဒိုင်များ

အစီအစဉ်အစဉ်တင်ဆက်သူ ကျော်ထက်အောင်ကအစ သူ့ပရိတ်သတ်နဲ့သူ ရရှိထားကြတဲ့

ပြိုင်ပွဲကြီးတစ်ပွဲပါ ။ ပြိုင်ဆိုင်မှုပြင်းထန်သလောက် လူတိုင်းစိတ်ဝင်စားကြပါတဲ့ ဒီ Myanmar Idol ပြိုင်ပွဲဟာ

စာမေးပွဲမေးခွန်းမှာပါထည့်မေးတဲ့အထိအောင်မြင်သွားပါတယ် ။

တက္ကသိုလ်ကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့ သည်ကာလမှာ ကွန်ပျူတာတက္ကသိုလ်ရဲ့ ဒုတိယနှစ် Paper 1

ဲjava Programming မှာထည့်သွင်းမေးမြန်းထားတဲ့အကြောင်းကို ဖြေဆိုခဲ့တဲ့ကျောင်းသားတွေက ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။

မေးခွန်းထဲမှာတော့ Myanmar Idol Top 5 ပြိုင်ပွဲဝင်များရဲ့ ID no , SMS Voting နဲ့ Facebook Voting နံပါတ်တွေကို ပေးထားပြီး

Voting အရေအတွက်အလိုက်စီမယ့် Program တစ်ခုကို Coding ရေးခိုင်းထားတာဖြစ်ပါတယ် ။

ကျောင်းသားတွေအတွက်ကတော့ ခေတ်စားတဲ့ အကြောင်းအရာတစ်ခုကို စာမေးပွဲမေးခွန်းအဖြစ်တွေ့လိုက်ရတာမို့

အတွေ့အကြုံတစ်ခုအဖြစ် ပြန်လည်မျှဝေနေကြတာပါ ... အောင်မြင်လိုက်တဲ့ Myanmar Idol ပဲနော် ...

Photo Source : Pyae Phyo Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။