ပြင်သစ်လွှတ်တော်ကတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့တယ်လို့သိရပါတယ်။

သူတို့ပြဌာန်းခဲ့တဲ့ ဥပေဒေကတော့ အကြမ်းဖက်ဆန္ဒပြမှုတွေကို ကန့်သတ်တဲ့ ဥပဒေတစ်ရပ်ပဲဖြစ်ပါတယ်။

၎င်းဥပဒေဟာ ဥပဒေဟာ အရပ်သားလွတ်လပ်ခွင့်တွေကို ချုပ်ခြယ်တယ်ဆိုတဲ့ ဝေဖန်တာတွေ ရှိတဲ့ကြားက အောက်လွှတ်တော်ကနေ ထောက်ခံမဲ ၃၈၇ မဲ၊ ကန့်ကွက်မဲ ၉၂ မဲနဲ့ အတည်ပြုခဲ့တာဖြစ်သလို အင်္ကျီဝါလှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ ၃ လကြာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့သိရပါတယ်။  

၎င်းဥပဒေထဲမှာတော့ဆန္ဒပြသူတွေ မျက်နှာစည်းထားတာကို တားမြစ်တာ၊ ဆန္ဒပြလူအုပ်ထဲက အကြမ်းဖက်သူတွေကို ဆွဲထုတ်ဖို့ ရဲတပ်ဖွဲ့ကို အခွင့်အာဏာပေးတာနဲ့ တဦးချင်း ဆန္ဒပြသူတွေကို တားမြစ်ဖို့ ဒေသအာဏာပိုင်တွေကို အခွင့်အာဏာပေးတာတွေကို ပြဌာန်းထားပါတယ်လို့သိရပါတယ်။ 

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။