နယ်သာလန်နိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ဘို့ချ်ဟာ တီထွင်မှုကို အလွန်အမင်း ဝါသနာပါတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ ဟာ အသက် ၂၄နှစ်အရွယ်ရှိပြီး အခုအခါမှာတော့ကမ္ဘာ့အကြီးဆုံး စက်ဘီးကိုတီထွင်ဖန်တီးခဲ့ပါတယ်။ 

သူ့ရဲ့ စက်ဘီးဟာ အရွယ်အစား အလွန်ကြီးမားလွန်းတာကြောင့် ကမ္ဘာ့အကြီးဆုံး စက်ဘီးအဖြစ် ဂရင်းနစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဒီစက်ဘီးကိုတော့ Monsterbike လို့နာမည်ပေးထားပြီး ပေါင် ၁၆၅၀ အလေးချိန်ရှိပါတယ်။ ထိုစက်ဘီးရဲ့ ကုန်ကျမှုစရိတ်ကတော့ ဒေါ်လာ ၃သောင်းကျော်လောက် ကုန်ကျခဲ့တာပဲဖြစ်ပါတယ်။  

ဘို့ချ်ဟာ ဒီစက်ဘီး ကို သူ့ရဲ့ မွေးဖွားရာ ဇာတိဖြစ်တဲ့ Arnhem မြို့မှာ အမြဲတမ်းစီးနင်းနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီစက်ဘီးဟာ အမြင်ပိုင်းအရ အလွန်ကြီးမားပြီး အလွယ်တကူ မစီးနိုင်ဘူးလို့ ထင်ရပေမယ့် အထူးချိန်းကြိုးတွေနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် လူတစ်ယောက်ရဲ့ အားနဲ့ အေးအေးဆေးဆေး စီးနင်း နိုင်ပါတယ်။  

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။