နှလုံးရောဂါဟာ ကြောက်ဖို့ကောင်းတဲ့ ရောဂါဆိုးတွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ နှလုံးရောဂါရှိပေမယ့် မသိတာကြောင့် နောက်ဆုံး အသက်ပါ ပေးလိုက်ရတဲ့ သူတွေများစွာရှိပါတယ်။ ထိုရောဂါဆိုးကြီးကလည်း ချက်ချင်းဆိုသလို လူ့အသက်ကို နှုတ်ယူနိုင်လို့ လူတိုင်းက ကြောက်ကြပါတယ်။ ဒီနေ့မှာတော့ ကိုယ့်မှာ နှလုံးရောဂါရှိနေလားဆိုတာကို သိနိုင်မယ့် ရှေ့ပြေး လဏ္ခာတွေကို ပရိသတ်တွေကို ပြောပြပေးချင်ပါတယ်။

(၁) နှလုံးခုန်နှုန်း မူမမှန်ခြင်း

- ရင်ဘတ်က ပုံမှန်ထက်ပိုပြီး တဆတ်ဆတ် ခုန်နေမယ်

- နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေမယ်

- နှလုံးခုန်နှုန်းတွေ အရမ်းနှေးနေမယ်

- မကြာခဏဆိုသလို ရင်ဘတ်အောင့် လာမယ်

- အသက်ရူရတာ ကျပ်လာမယ်

- မူးဝေလာမယ် ဆိုရင်တော့ သင့်ရဲ့ နှလုံးခုန်နှုန်းနဲ့ ပတ်သတ်ပြီး ရောဂါတစ်ခုခုကို ခံစားနေရနိုင်ပါတယ်။

(၂) နှလုံးမှာ မွေးရာပါ ချို့ယွင်းချက်တစ်ခုရှိခြင်း

- အသားအရေက အပြာရောင် ဘက်ကို သမ်းနေမယ်

- လက်နဲ့ မျက်လုံးနားတစ်ဝိုက်မှာ ရောင်ရမ်းမှုတွေဖြစ်နေမယ်

- မောပန်းလွယ်မယ်

- အသက်ကြာကြာရူလို့ မရဖြစ်လာမယ် ဆိုရင်တော့ သင့်မှာ မွေးရာပါ နှလုံးရောဂါ အခံရှိနေနိုင်ပါတယ်။

(၃) နှလုံးကြွက်သားတွေ အားနည်းခြင်း

- စွမ်းအင် စိုက်ထုတ်ရတဲ့ အချိန်မျိုးတွေမှာ အသက်ရူလို့ မရဖြစ်လာမယ်

- ဒူးခေါင်၊ တံတောင်ဆစ် နဲ့ လက်တွေ ရောင်ရမ်းလာမယ်

- မောပန်းနွမ်းနယ်လာမယ်

- ပုံမှန် အသက်ရူလို့ မရဖြစ်လာမယ် ဆို၇င် နှလုံးမှာ အလုပ်လုပ်နေတဲ့ ကြွက်သားတွေ အားနည်းနေတာဖြစ်ပါတယ်။

(၄) နှလုံးကို ရောဂါကူးစက်ခြင်း

- ကိုယ်ပူပြီး ဖျားလာမယ်

- အသက်ရူရခက်လာမယ်

- မောပန်းနွမ်းနယ်လာမယ်

- နှလုံးခုန်နှုန်းတွေပြောင်းလည်းလာမယ်

- ချောင်းခြောက်တွေ ဆိုးလာမယ်

- အရေပြားမှာ အနီစက်လိုမျိုးတွေထွက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သာ အပြေးပြလိုက်ပါတော့။

အဆိုပါအချက်တွေထဲက တစ်ခုခုကို ခံစားနေရပြီဆိုရင်တော့ လုံးဝမပေါ့ဆသင့်လို့ နီးစပ်ရာဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

Source: mayoclinic.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။