မြန်မာ့လက်ဝှေ့လောကရဲ့ ထိပ်တန်းနေရာတစ်ခုကို အရယူနိုင်ထားတဲ့ လက်ဝှေ့ကျော်ဖျံသွေးကို လက်ဝှေ့ချစ်ပရိသတ်တွေ အားလုံးသိမယ်ထင်ပါတယ်။ နိုင်ငံတကာမှာ လက်ဝှေ့အကျော်အမော်များစွာနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံဂုဏ်ဆောင် လက်ဝှေ့အားကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ထိုးသတ်ပွဲတိုင်းကို အားသွင်ခွန်စိုက်ယှဉ်ပြိုင်တက်ပြီး ပရီသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ဖိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။  

ဖျံသွေးကတော့ ကိုယ်ပိုင်လက်ဝှေ့သင်တန်းကျောင်းဖွင့်လှစ်ထားပြီး တကိုယ်တည်းဘဝနဲ့ ဖြတ်သန်းနေမှုကို မကြာမီမှာ ရပ်တန့်တော့မှာဖြစ်ကြောင်း သိရပါတယ်။ လာမည့် ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ပရိသတ်အချစ်တော်လက်ဝှေ့ဖိုက်တာဖျံသွေးကတော့ ထိမ်းမြားလက်ထပ်တော့မှာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဖျံသွေးကတော့ "လာမည့် ၁၆.၂.၂၀၁၉(စနေနေ့) ရက်မြတ်တွင် လှိုင်းဘွဲ့မြို့နယ် သာယာကုန်းကျေးရွာ ဦးတင်ဝင်း+ဒေါ်တင်ဝင်း တို့၏မင်္ဂလာအိမ်ဂေဟာ၌မင်္ဂလာအချိန်နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီထိ စုလျားရစ်ပတ်လက်ထပ်ထိမ်းမြားခြင်းအခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးမှဆွေမျိုးမိတ်သင်္ဂဟအပေါင်းနှင့်တကွဖျံသွေးကိုချစ်သောဖျံသွေးမှချစ်သောကျေးဇူးရှင်ချစ်ပရိသတ်အပေါင်းတို့မှလည်းတက်ရောက်ချီးမြှင့်ဂုဏ်ပြုပေးကြပါရန်ချစ်ခင်ရင်းနှီးလေးစားစွာဖြင့်ဖိတ်မန္တကပြုအပ်ကြောင်း " ရေးသားထားတာတွေ့ရပါတယ်။ လက်ဝှေ့လောကမှာ နှစ်အတော်ကြာဖြတ်သန်းခဲ့တဲ့ ဖျံသွေးတစ်ယောက် အိမ်ထောင်သည်ဘဝကို ကူးပြောင်းတော့မှာဖြစ်ပေမယ့် လက်ဝှေ့လောကကို စွန့်လွတ်ဖို့ မရှိသေးကြောင်း သိရပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ဂုဏ်ကို မြှင့်တင်ပေးနေတဲ့ လက်ဝှေ့ဖိုက်တာကြီးတွေထဲက ဖျံသွေးရဲ့ မင်္ဂလာပွဲကို ချစ်ပရိသတ်တွေအတွက် ဖိတ်ကြားပေးလိုက်ပါတယ်။

Photos - Phyan Thwe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။