ချလ်စီးတိုက်စစ်မှူးမိုရာတာကတော့ ချဲလ်စီးမှာခြေစွမ်းမပြနိုင်တာကြောင့် အက်တလက်တီကိုကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။အက်သလက်တီကို တိုက်စစ်မှူးမိုရာတာကတော့ ကမ္ဘာ့ဖလားတုန်းက စပိန်အသင်းမှာ အရွေးမချယ်ခံရတာကြောင့် ဗိုက်ကြီးသည်ဇနီးနဲ့အတူ ကိုယ်ပိုင်အပန်းဖြေသင်္ဘောပေါ်မှာ ခြေထောက်နဲ့ ကန်ချတာခံခဲ့ရဖူးတာဖြစ်ပါတယ်။ 

မိုရာတာကတော့ ကမ္ဘာ့ဖလားကိုတောင် အာရုံမစိုက်နိုင်ဘဲကိုယ်ဝန်သည်ဇနီးကို အာရုံစိုက်နေရပုံတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားပါတယ်။တစ်ခြားလူတွေ ကမ္ဘာ့ဖလားကိုအာရုံစိုက်နေချိန်မှာ ကလေးအဖဖြစ်တော့မဲ့ မိုရာတာက ကမ္ဘာ့ဖလားထက်အရေးကြီးတဲ့ အရာကိုရှာတွေ့သွားပြီလို့ပရိသတ်တွေက စနောက်နေကြပါတယ်။

မိုရာတာရဲ့ကိုယ်ဝန်သည်ဇနီးက မိုရာတာကို လှေပေါ်ကနေ ကန်ချထားပုံကို လူမှုကွန်ယက်ပေါ်မှာ တင်ထားပြီး ပရိသတ်တွေကတော့ မိုရာတာအချိုးမပြေလို့ ကန်ချခံရတာလို့စနောက်နေပါတယ်။ မိုရာတာကတော့ ယခုမှာ ကလေးအဖေဖြစ်သွားပြီး ချစ်စရာကောင်းတဲ့ အမွှာသားလေးကိုပိုင်ဆိုင်ထားကာ မက်ဒရစ်မြို့မှာ အတူတူနေထိုင်နေပါတယ်။

source: the sun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။