ကမ္ဘာပေါ်တွင် နာမည်ကြီးမားတဲ့ ပနားမားတူးမြောင်းရဲ့ မိုင်အနည်းအကွာမှာ El Valle de Anton ဆိုတဲ့ မြို့ငယ်လေးတစ်မြို့ရှိပါတယ်။ ဒီမြို့ငယ်လေးနားက တောအုပ်ထဲမှာ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို စိတ်ဝင်စားအောင်ဆွဲဆောင်တဲ့ နေရာတစ်ခုရှိပါတယ်။ အဲ့ဒီနေရာလေးမှာ ပေါက်ရောက်ရှင်သန်နေတဲ့ သစ်ပင်တွေဟာ ပုံသွင်းထားတာမဟုတ်ပဲ သဘာဝအတိုင်းလေးထောင့်ပုံ ဖြစ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီတောအုပ်လေးထဲမှာ El Valle de Antonလို့ အမည်ရှိတဲ့ အလွန်ကြီးမားသော မီးတောင်အရှင်တစ်ခုရှိပြီး ဒီမီးတောင်ဟာ လွန်ခဲ့တဲ့ အနှစ် ၁၀၀၀၀ခန့်က ပေါက်ကွဲခဲ့ဖူးပါတယ်။ အဆိုပါလေးထောင့်ပုံစံရှိတဲ့ သစ်ပင်တွေဟာ မီးတောင်ပေါက်ကွဲမှုကဖြစ်လာတဲ့ ချော်ရည်မြေဆီလွှာပေါ်မှာ ပေါက်ရောက်နေတာပဲဖြစ်ပါတယ်။ ထိုမီးတောင်မှာ အချိန်မရွေးပေါက်ကွဲနိုင်ခြေ၇ှိတာကြောင့် အမြဲနေထိုင်တဲ့သူမရှိပဲ လေ့လာသူတွေနဲ့ လည်ပတ်သူတွေသာ လာရောက်လေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 

ဒီလိုလေးထောင့်ပုံစံရှိတဲ့ သစ်ပင်တွေဟာ Cottonwood မျိုးနွယ်ထဲကရှားပါးမျိုးနွယ်ထဲက တစ်ခုဖြစ်ပါတယ်။သစ်ပင်တွေရဲ့လုံးပတ်ပုံစံကသာ လေးထောင့်ပုံစံမှန်မဟုတ်ပဲ သစ်ပင်အတွင်းသားမှာရှိတဲ့ အရစ်အကွင်းတွေကလည်း လေးထောင့်ပုံစံဖြစ်လို့နေပါတယ်။ ထူးဆန်းတာက ထိုသစ်ပင်တွေကို အဝေးကကြည့်ရင် ပုံမှန်သစ်ပင်အတိုင်း တွေ့ရမှာဖြစ်ပြီး အနီးကပ်တိုင်းတာကြည့်မှသာ လေးထောင့်ပုံစံဖြစ်မှန်းသိရတာပါ။ ဒီလိုအပင်တွေကို ဘရာဇီး၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊အီကွေဒေါ၊ ပနားမားအစ၇ှိတဲ့နိုင်ငံတွေမှာတွေ့နိုင်ပေမယ့် အလွန်ရှားပါးတဲ့ သစ်ပင်မျိုးနွယ်ဝင်ဖြစ်ပြီး ပနားမားနိုင်ငံမှာသာ အတွေ့များလေ့ရှိပါတယ်။

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။