ယနေ့ခေတ်မှာဆိုရင် မိန်းမလှလေးတွေတော်တော်များများက လက်သည်းနီ အရောင်စုံလေးတွေနဲ့ အရမ်းကို လှနေကြပါ။ ဒါပေမယ့် လက်သည်းလေးတွေကို လှအောင် ပုံဖော်ပေးနေတဲ့ လက်သည်းနီဆိုးဆေးရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ဆိုးကျိုးတွေရှိနေတယ်ဆိုတာကို သင်သိပါသလား။ လက်သည်းနီမှာပါဝင်တဲ့ tolune ၊ dibutyl phthalate နဲ့ formaldehyde သုံးမျိုးက သင့်ရဲ့ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေပေးနေတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လက်သည်းနီဆိုးထားတဲ့ အချိန်အရမ်းကြာလာတဲ့ အခါ လက်သည်းတွေဝါလာပြီး နဂို ပန်းနုရောင်ကို ပြန်မရနိုင်တော့ပါဘူး။ အပေါ်မှာ ပြောပြထားတဲ့ ဓာတုပစ္စည်း သုံးမျိုးကြောင့် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို အောက်မှာ ပြောပြပေးထားပါတယ်။
(၁) Tolune
သင်ဆိုးနေတဲ့ လက်သည်းနီဆိုးဆေးမှာ ပါဝင်တဲ့ Toluneက လက်သည်းကို ပိုပြီးတော့ ချောမွေ့စေပြီး ဆိုးထားတဲ့ အရောင်ကို ပိုပြီးတောက်စေပါတယ်။ ဒါပေမယ့် Tolune ပါဝင်တဲ့ လက်သည်းနီဆိုးဆေးတွေက ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်စေနိုင်ခြင်း၊ နွမ်းလျခြင်းတွေကို ခံစားရစေနိုင်ပါတယ်။ ဒါ့ပြင် ကျောက်ကပ်နဲ့ အသည်းတို့ကိုလည်း ထိခိုက်စေနိုင်တာကြောင့် ဆိုးရွားတဲ့ ဓာတုပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။
(၂) Formaldehyde
Formaldehyde ကတော့ လက်သည်းဆိုးဆေးကို ပိုပြီးတာရှည်ခံအောင် ထိန်းပေးထားတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ Formaldehyde ကလည်း ကြောက်ဖို့ကောင်းလောက်အောင် ဓာတုပစ္စည်းကြောင့်ဖြစ်ပေါ်တတ်တဲ့ အဆိပ်သင့်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်း နဲ့ ကင်ဆာတွေကိုတောင် ဖြစ်ပေါ်နိုင်တာကြောင့် အရမ်းကိုဆိုးရွားတဲ့ ဓာတုပစ္စည်းတစ်မျိုးပါပဲ။
(၃) Dibutyl phthalate
လက်သည်းနီမှာပါတဲ့ Dibutyl phthalateက လက်သည်းဆိုးဆေးကို အရောင်ပိုတောက်အောင် လုပ်ပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ Dibutyl phthalate က အသက်ရုူလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို ရရှိနိုင်တဲ့ အပြင် အမျိုးသမီးတွေမှာဆိုရင်တော့ မီးယပ်ရောဂါကို ခံစားရစေနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ လက်သည်းနီတွေက ၆နာရီထက်ကြာအောင် ဆိုးမိခဲ့မယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ ရောဂါတွေကို ခံစားရနိုင်တာကြောင့် လုံးဝကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါကြောင့် လက်သည်းနီဝယ်ယူမယ်ဆိုရင် ဓာတုပစ္စည်းတွေမပါဝင်တဲ့ လက်သည်းနီတွေကို သေချာ ရွေးချယ်ဝယ်ယူဖို့ ထပ်မံအကြံပြုပါရစေ။
Source: Youtube
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။