လူစိတ်ဝင်စားမှုများခဲ့တဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရှင်သက်မွန်မြင့်ရဲ ့ဆွဲကြိုးနဲ ့ အမျိုးသားဇာတ်ဆောင်ဆုရှင် ထွန်းထွန်းရဲ ့လက်ကိုင်အိတ်

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အောင်သမာဓိရွှေဆိုင်က သရုပ်ဆောင်အများအပြားကို စပွန်ဆာပေးခဲ့ပါတယ်။ အဲ့ဒီထဲကမှ

နှငး်ဆီအငြိမ့်အဖွဲ ့ဝင်တွေဖြစ်တဲ့ နေတိုး၊ ထွန်းထွန်းတို ့ကိုင်ဆောင်ခဲ့တဲ့ ရွှေလက်ကိုင်အိတ်တွေ နဲ ့အမျိုးသမီးဇာတ်ဆောင်ဆုရှင် သက်မွန်မြင့်

ရဲ ့စိန်ဆွဲကြိုးကို စိတ်ဝင်စားမှုများပြားလျက်ရှိပြီး စုံစမ်းမေးမြန်းတာတွေ ရှိနေပါတယ်။ ဒီအကြောင်းကို အောင်သမာဓိစိန်ရွှေရတနာဆိုင် ဒါရိုက်တာအဖွဲ ့ဝင်

မဖြူဖြူအောင်က အခုလိုပဲပြောပြသွားပါတယ်။အရမ်းသဘောကျပြီးမေးနေကြတဲ့ ယောက်ျားလေးလက်ကိုင်အိတ်ကို ဒီဇိုင်းရှစ်မျိုးနဲ ့ရှစ်လုံးလုပ်ထားပြီး

လေးလုံးကယူချင်တဲ့သူရှိကြောင်းပြောပါတယ်။ ယောက်ျားလေးတွေက ရွှေသိပ်မဝတ်ကြဘဲ အခုလို ဒီဇိုင်းထုတ်လိုက်တဲ့အခါ စိတ်ဝင်တစားနဲ ့မေး

လာကြပြီး ရောင်းအားလည်းကောင်းလာတယ်လို ့ဆိုပါတယ််။ အမျိုးသားဇာတ်ဆောင်ဆုရှင် ထွန်းထွန်းကိုင်ဆောင်ခဲ့တဲ့ ရွှေလက်ကိုင်အိတ်ရဲ ့အရွယ်အစားဟာ I Phone 7 Plus ထက်အနညး်ငယ်ကြီးပြီး ရွှေအလေးချိန် ၁၀ သားခန် ့ရှိကာ တန်ဖိုးကတော့ ကျပ်သိန်း ၉၀ ခန် ့ရှိကြောင်းသိရှိရပါတယ်။ အမျိုးသမီးဇာတ်ဆောင်ဆုရှင် သက်မွန်မြင့်ဝတ်ဆင်ခဲ့တဲ့စိန်ဘယက်ဒီဇိုင်းကိုလညး် စိတ်ဝင်စားမှုများနေပြီး တန်ဖိုးမှာ ကျပ်သိန်း ၁၀၀၀ ခန် ့ရှိပါတယ်။ ယခုနှစ်ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ အောင်သမာဓိရွှေဆိုင်က ရုပ်ရှင်အနုပညာရှင်ပေါင်း ၂၀ ခန် ့ကို ကျပ်သိန်းပေါင်း ၁၀၀၀၀ ခန် ့စပွန်ဆာပေးခဲ့ကြောင်းသိရှိရပါ

တယ်။

Source: Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။