AFC Champions League 2019, Preliminary round 1အဖြစ်မြန်မာကိုယ်စားပြုရန်ကုန်ယူနိုက်တက်အသင်းနဲ့ဖိလစ်ပိုင်ကလပ်ဆီးရက်စ်နီဂရို့စ်တို့ယှဉ်ပြိုင်ကစားခဲ့ပြီးရန်ကုန်ယူနိုင်အသင်းကအနိုင်ရခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာရန်ကုန်ယူနိုက်တက်အသင်းကအနိုင်ရပြီးရှုံးကြွေးကိုလည်းပြန်ဆပ်နိုင်ခဲ့ပါတယ်။ရန်ကုန်အသင်းဟာအဆိုပါနိုင်ပွဲကြောင့်ဒုတိယအဆင့်အဖြစ်ထိုင်းပရီးမီးယားလိဒ်ကလပ်ချင်းရိုင်ယူနိုက်တက်အသင်းနဲ့ကစားရတော့မှာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့တွေ့ဆုံရမယ့်ချင်းရိုင်ယူနိုက်တက်အသင်းဟာထိုင်းလိဒ်ရဲ့အင်အားကြီးအသင်းတစ်သင်းလည်းဖြစ်ပါတယ်။ထိုင်းFA ဖလားတွေကိုအမြဲလိုလိုဆွတ်ခူးနိုင်တဲ့အသင်းဖြစ်ပြီးကစာသမားကောင်းတွေအများအပြားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူတို့အသင်းရဲ့ထိုင်းတိုက်စစ်မှူးကတော့လာလီဂါရဲ့လိဒ်၂အသင်းမှာတောင်ကစားခဲ့ဘူးတာကြောင့်ရန်ကုန်အသင်းအတွက်တော့ခက်ခဲမယ့်ပွဲစဉ်ဖြစ်လာမှာပါ။

အာစီယံယူ၂၂ပြိုင်ပွဲတွေကြောင့်မြန်မာနေရှင်နယ်လိဒ်ကိုခဏနားထားတာကရန်ကုန်ယူနိုက်တက်အသင်းအတွက်တော့ပြင်ဆင်ချိန်တွေပိုရမှာပါ။ချင်းရိုင်ယူနိုက်တက်အသင်းရဲ့နည်းပြကလည်းအရင်ရတနာပုံအသင်းကိုကိုင်တွယ်ဘူးတာကြောင့်မြန်မာကလပ်တွေနဲ့မစိမ်းပဲရှိနေမှာဖြစ်ပါတယ်။ချင်းရိုင်ယူနိုက်တက်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ်ကိုတော့လာမယ့်ဖေဖော်ဝါရီလ၁၂ရက်နေ့ည၆:၃၀မှာချင်းရိုင်ယူနိုက်တက်ကွင်းမှာကစားရမှာဖြစ်တာကြောင့်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

source:yangonunited

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။