တရုတ်အခြေစိုက် ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ oppo ဟာဆိုရင် ယခုအခါမှာတော့ 5G စမတ်ဖုန်း တွေကို လာမယ့် ၂၀၁၉ခုနှစ်မှာ ဈေးကွက်အတွင်း စတင်မိတ်ဆက်တော့မယ်လို့လည်း သိရပါတယ်။ အဆိုပါသတင်းကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အစောပိုင်းမှာ ကျင်းပခဲ့တဲ့ နည်းပညာ ပြပွဲတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။- 

“5G ကွန်ရက်စနစ်က ကမ္ဘာ့မိုဘိုင်းလုပ်ငန်းပုံစံကို ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေဟာ အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုရတဲ့အရာတွေအတွက် ပင်မအုပ်မြစ် ဖြစ်လာပါလိမ့်မယ်။ OPPO အနေနဲ့က 5G နဲ့ဆက်စပ်တဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအပိုင်းအတွက် ကောင်းမွန်တဲ့အခြေခံတွေ ချမှတ်ပေးထားတဲ့ နည်းပညာတီထွင်ဆန်းသစ်မှုတွေကို အလေးပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်လို့ “ OPPO ရဲ့ စီအီးအို ဖြစ်တဲ့ Tony Chen ကပြောထားပါတယ်။  

Oppo ကုမ္ပဏီဟာဆိုရင် ယခုနှစ်အတွင်းမှာ ဈေးကွက်ကို သူတို့ရဲ့ ဖုန်းမော်လ်ဒယ် အများူအပြားနဲ့ ထိုးဖောက်နေတာလည်း ဖြစ်ပါတယ်။ အခုလို 5G စမတ်ဖုန်းအကြောင်းကို မိတ်ဆိုက်လာတာဟာ အနာဂတ်နည်းပညာ မှာ ပိုမိုတိုးတက်ကောင်းမွန်လာအုန်းမယ့် အရိပ်အယောင်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။  

Source : Net Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။