ပရိတ်သတ်ကြီးရေ နိုင်ဂျီးရီးယားနိုင်ငံ မှာတော့ တကယ်စိတ်ကူးယာဉ်ဆန်တဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်ခဲ့ပါတယ်။အပျော်သဘောနဲ့စနောက်မိရာကနေ အပြုသဘောဆောင်တဲ့ဖြစ်ရပ်လေးတွေဖြစ်ပေါ်လာတဲ့ဖြစ်စဉ်လေးတစ်ခုဖြစ်ပါတယ်။ ထိုဖြစ်စဉ်လေးကတော့ facebook မှာလက်ထပ်ထိမ်းမြားလိုကြောင်း ကြော်ငြာစာတင်တဲ့အမျိုးသမီးကဟာသလုပ်ကာစနောက်ခဲ့ပေမယ့် တစ်ပတ်အကြာမှာထိုအမျိုးသမီးနဲ့ ကြော်ငြာစာတင်တဲ့ အမျိုးသားတို့ ထက်ထပ်ထိမ်းမြားဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။

စနောက်ခဲ့တဲ့အမျိုးသမီးကတော့ နိုင်ဂျီးရီးယားနိုင်ငံမှ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဆိုဖီအီဂျီယိုမာ ပဲဖြစ်ပါတယ်။ သူမက facebook ပေါ်မှာမြင်မိတဲ့ ပရိဘောကထုတ်လုပ်သူ ချီဒင်မာအမီဒူရဲ့ ဘဝလက်တွဲဖော်ဇနီးကောင်း တစ်ဦးအလိုရှိကြောင်း ရေးသားထားတဲ့ ကြော်ငြာကို ဟာသတစ်ခုအဖြစ်လှောင်ပြောင် ခဲ့တာဖြစ်ပါတယ်။ ထိုကြော်ငြာထဲမှာတော့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ လ ၆ရက်တွင်မင်္ဂလာပွဲကျင်းပမည်မှာ အသေအချာဖြစ်ပြီး လာရောက်လျှောက် ထားသူများအားလုံးအနက် အရည်အချင်းအရှိဆုံးသူနှင့် ထိုနေ့တွင်လက်ထပ်သွားမည်ဖြစ်ပြီး၊ လျှောက်လွှာများကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်၊ ည ၁၂ နာရီတွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းပါ ကြော်ငြာထားခဲ့တာဖြစ်ပါတယ်။

ကြော်ငြာပို့စ်ကိုအမှတ် မထင်တွေ့ချိန်မှာ ဟာသသက်သက်တင်တာမျိုးထင်ခဲ့ပြီး ဆိုဖီက စိတ်ဝင်စားတယ်လို့ ပို့စ်အောက်မှာ Comment ပေးမိတာကနေ အချစ်ခရီးလမ်းလေးကစတင်ခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ messanger ကနေ သီးသန့်စကားတွေ စကားတွေပြောပြစ်ခဲ့ပြီး နှစ်ရက်အကြာမှာ အမီဒူက မိုင်၃၀၀ကျော်ကွာဝေးတဲ့ ဆိုဖီရှိရာအရပ်ကို အပြေးရောက်လာပြီး ပထမဆုံးအကြိမ်ချိန်းတွေ့ခဲ့ရာမြင်မြင်ချင်းချစ်ကြိုက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အချစ်စိတ်တွေကထိန်းမရတော့တာကြောင့် မိဘတွေကိုအသိပေးခဲ့ပြီး နောက်လေးရက်အကြာမှာ လက်ထပ်ထိမ်းမြားခဲ့ကြတယ်လို့လဲသိရပါတယ်။ ထုူးခြားတဲ့ဖူးစာနဲ့ နုရွတဲ့အချစ်စိတ်တွေကြောင့် တဘဝစာလက်တွဲခဲ့ကြတဲ့သူတို့ရဲ့ဖြစ်ရပ်လေးက အံ့အားသင့်စရာကောင်းလှပါတယ်။

Joy Online

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။