တကယ်ပဲသမီးဖြစ်သူတွေက သိပ်ချောနေလို့လား။ အသက်၄၃နှစ်အရွယ်ရှိ ကလေးသုံးယောက်ရဲ့ဖခင်ဖြစ်သူ Australia မှာနေထိုင်သူတစ်ဦးဖြစ်တဲ့ Edward Herbertဟာ သမီးရင်းဖြစ်သူနှစ်ယောက်ကို ဓာတ်ဆီလောင်းပြီးမီးရှို့ခဲ့တာကြောင့် အမှုရင်ဆိုင်နေရပါတယ်။

အသက်ရနှစ်အရွယ်နဲ့ ၃နှစ်အရွယ်ရှိ သမီးနှစ်ယောက်ဖြစ်သူဟာ အိမ်နီးချင်းဖြစ်သူ Daniel McMillanဆိုသူ အချိန်မှီရောက်ရှိလာတာကြောင့် အသက်ဘေးမှ ချမ်းသာရာရခဲ့ပေမယ့် ခန္ဓာကိုယ်နဲ့ မျက်နှာတွေမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရှိခဲ့ပါတယ်။

Daniel ရဲ့ပြောကြားချက်အရ Herbert ဟာ မူးယစ်ဆေးသုံးစွဲထားပြီး အရက်လဲမူးနေကြောင်းနဲ့ ကလေးတွေကို ဝင်ကယ်တဲ့အချိန်မှာတော့ သူမွေးထားတဲ့သမီးဖြစ်တာကြောင့် သူလုပ်ချင်တာလုပ်ပိုင်ခွင့်ရှိတယ်လို့ တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် Herbert ဟာ သူ့သမီးတွေဟာ အရမ်းချောလွန်းလှလွန်းတာကြောင့် မီးရှို့ပြီးသတ်ဖို့လုပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။