ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ သမိုင်မှာ ယနေ့အချိန်အထိ ပြောစမှတ်တွင်အောင် ဖြစ်သွားခဲ့ရတဲ့ အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ ဟီးရိုးရှီးမားမြို့ အကြောင်းပဲ ဖြစ်ပါတယ်။ အားလုံးပဲသိတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျပန်တွေလက်နက်ချခြင်းရဲ့ နိဂုံးအဆုံးသတ်ကတော့ အမေရိကန်နိုင်ငံက ဂျပန်နိုင်ငံရဲ့ မြို့နှစ်မြို့ဖြစ်တဲ့ ဟီးရိုးရှီးမားမြို့နဲ့ နာဂါစကီမြို့ကို အနုမြူဗုံးကြဲခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီဗုံးဒဏ်ကြောင့် ဟီးရိုးရှီးမားမြို့တွင်းနေထိုင်တဲ့ မြို့သူ၊ မြို့သား ၇၀၀၀၀ ကျော်ဟာ ဗုံးကွဲအပြီးမှာ ချက်ချင်းသေဆုံးသွားခဲ့တာဖြစ်ပြီး ကျန်တဲ့ လူ ထောင်ပေါင်းများစွာကတော့ အနုမြူရောင်ခြည်ဒဏ်သင့်ပြီး နောက်ပိုင်းမှ သေဆုံးကုန်ကြတာပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြီး အပြီးမှာတော့ လူတိုင်းအံ့အားသင့်သွားစေတဲ့ အဖြစ်ကတော့ နှစ်ပေါင်း ၇၀ ကျော် ဗုံးဒဏ်ခံခဲ့ရအပြီးမှာတော့ ဟီရို ရှီးမားမြို့မှာ ဖျက်မရ ဘဲ အမြဲ တမ်းစွဲ ကျန်ခဲ့တဲ့ လူ ရိပ်တွေ ဟာ နံရံတွေ လှေကားတွေ လမ်းတွေပေါ်မှာ ကြောက်မက်ဖွယ် ကျန်ရှိ နေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

နှစ်ပေါင်း ၇၀ ကျော်ကြာတာတောင် ဘယ်လိုဖြစ်ပြီး အခုအချိန်အထိ အရိပ်တွေထင်ကျန်နေရတာလဲဆိုတာကိုတော့ ဘယ်သူမှ မရှင်းပြနိုင်သေးပါဘူး။ တချို့နေရာက အရိပ်တွေဟာဆိုရင် ကြည့်မိသူတိုင်းကို အတွေးတစ်ခုဝင်သွားစေပြီး ထိတ်လန့်စရာတောင် ကောင်းလှပါတယ်။ ဒီလို ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေဟာ နိုင်ငံတိုင်းလိုလိုမှာရှိပြီး သိပ္ပံပညာရှင်တွေကို ခေါင်းစားစေတဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ရှိလို့နေပါတယ်။

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။