Myanmar Idol ပြိုင်ပွဲကြောင့်ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ ဆရာမလးတစ်ယောက်ကတော့ ဘီလီလမင်းအေးပဲဖြစ်ပါတယ်။ သူမဟာ နောက်ဆုံး Finalist နှစ်ဦးမှာပါဝင်နေပြီး သားငယ်နဲ့အတူ Final မှာ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ သူမရဲ့မျက်နှာမာမှုကြောင့် ပရိသတ်တွေအထင်လွဲခဲ့ရတာတွေလည်းရှိပါတယ်။

ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘီလီလမင်းအေး က 8Days ဂျာနယ်မှာအောက်ပါအတိုင်းဖြေထားတာတွေ့ရပါတယ်။

“ဖူးက ငယ်ငယ်ကတည်းက တစ်ယောက် တည်းနေတဲ့အကျင့်ရှိတယ်။ မျက်နှာကမာတယ်ဆိုတာကလည်း ဆရာမ လုပ်ခဲ့တယ်ဆိုတော့ မျက်နှာနည်း နည်းမာသွားတာမျိုးတွေရှိမှာပေါ့ လေ။ ဒါပေမဲ့ ဖူးရဲ့စိတ်မှာ သူငယ် ချင်းတွေထွက်သွားလို့ ငါပျော်တယ် ဆိုတဲ့ စိတ်လည်းမရှိဘူး။ ဒီ ၁၀ ယောက်စလုံးက ဖူးအတွက် သူငယ် ချင်းတွေပဲ။ ဒီပြိုင်ပွဲတောက်လျှောက် အတူတူပျော်ခဲ့တဲ့နေ့တွေရှိသလို စိတ်ဆင်းရဲ ငိုခဲ့ရတဲ့နေ့တွေလည်း ရှိ တယ်။ တစ်ယောက်နဲ့တစ်ယောက် ဖေးမခဲ့ရတာတွေလည်းရှိတယ်။ နောက်တစ်ဆင့်ကို တက်လှမ်းသွားတဲ့အတွက် ပြိုင်ပွဲဖြစ်တော့ အော် ငါတစ်ဆင့်တက်ရပြီဆိုတာတော့ ရှိတာပေါ့။ ထွက်သွားခဲ့ရသူတွေအတွက် Level တိုင်းမှာ အမြဲစိတ် မကောင်းဖြစ်ခဲ့ရပါတယ်။”

နောက်ပြီး Final ပွဲအတွက်အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး အနိုင်အရှုံးက ပရိသတ်ကြီးပေါ်မူတည်ပါတယ်လို့လည်းပြောကြားသွားပါသေးတယ်။ 

Source: 8days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။