နေ့စဉ်နီးပါးကြားသိနေရတဲ့ သတင်းတွေထဲမှာ ယာဉ်မတော်တဆတိမ်းမှောက်မှုတွေကတော့ များစွာပါဝင်နေပြီး ကုန်းလမ်းပို့ဆောင်ရေးသာမက ရေလမ်းပို့ဆောင်မှုတွေမှာလည်း မကြာခဏဆိုသလို ဖြစ်လေ့ဖြစ်ထရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာလည်း ရခိုင်ပြည်နယ်အတွင်း လူတင်သင်္ဘောတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်စဉ်ကတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ရက်နေ့ ၄နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး လူ၂၅ယောက် လိုက်ပါလာသည့် သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တာပဲဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊မာန်အောင်မြို့၊ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်သည့် "ဆင်ပြောင်” အမည်ရှိ သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ သင်္ဘောပေါ်လိုက်ပါလာတဲ့ လူ (၂၅) ယောက်ကိုတော့ မာန်အောင်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးထိန်လင်း ဦးဆောင်၍ ရှာကယ်တပ်ဖွဲဝင်(၁၀)ဦး ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရပါတယ်။ တိမ်းမှောက်ရတဲ့အကြောင်းအရင်းကို မသိရှိရသေးပဲ လက်ရှိ လိုက်ပါလာတဲ့ လူတွေကို ကယ်ဆယ်နိုင်ရန်ပထမကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။

Photos - Pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။