အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Hero Gold Cup 2019ပြိုင်ပွဲမှာတော့မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာအုပ်စုနောက်ဆုံးပွဲမကစားခင်ဗိုလ်လုပွဲကိုတက်ရောက်သွားပီဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲမှာတော့အိမ်ရှင်အိန္ဒိယ၊အီရန်၊နီပေါနဲ့မြန်မာအသင်းတို့ပါဝင်ကစားကြတာဖြစ်ပါတယ်။မြန်မာအသင်းဟာအဖွင့်ပွဲစဉ်မှာနီပေါကို(၃-ဝ)၊ဒုတိယပွဲစဉ်မှာအီရန်ကို(၂-ဝ)နဲ့အနိုင်ရပြီးဗိုလ်လုပွဲကိုတက်ရောက်သွားတာဖြစ်ပါတယ်။

မြန်မာအသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်ကိုအိမ်ရှင်အိန္ဒိအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အီရန်အသင်းကတော့ဗိုလ်လုပွဲတက်ရောက်ဖို့ဆိုမြန်မာအသင်းနဲ့အိန္ဒိယပွဲစဉ်ကိုစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာအင့်အားတောင့်တင်းဆုံးဖြစ်တာနဲ့အညီပွဲစဉ်တိုင်းမှာအကောင်းဆုံးခြေစွမ်းတွေပြနိုင်တာဖြစ်ပါတယ်။

ကမ္ဘာအဆင့်သတ်မှတ်ချက်မှာလည်းတစ်ခြားအသင်းတွေထက်အစစအရာအရာသာလွန်နေတာဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာအသင်းအတွက်တော့၂၀၁၉မှာအောင်မြင်မှုတွေနဲ့စတင်ဖို့အကောင်းဆုံးအခွင့်လမ်းတွေဖြစ်လာမှာပါ။ပရိသတ်တွေလည်းဖလားကြီးဆွတ်ခူးပြီးအမိမြေကိုအောင်မြင်မှုတွေမြန်မာအမျိုးသမီးအသင်းယူလာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရင်းအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။