MMA မစ်ဒယ်ဝိတ်တန်းနှင့် MMA လိုက်ဖ်ဟဲဗီးဝိတ်တန်း ချန်ပီယံအောင်လအန်ဆန်က လက်ရှိအချိန်တွင်အရင်ကထက် ပိုမိုကျန်းမာကြံ့ခိုင်သန်မာလာသည့်အတွက် လာမည့် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကာကွယ်ရန် အသင့်ဖြစ်နေပီလို့ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ လာမည့် မတ်လ ၃၁ ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့တွင်ကျင်းပမည့် ONE A NEW ERO ပြိုင်ပွဲတွင် MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါနှင့်ယှဉ်ပြိုင်ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။ 

အောင်လအန်ဆန်ဟာ ယခင် MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲအဖြစ် ကန်ယက်ဆီဂါဝါနှင့်ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးပြီး အဆိုပါပွဲတွင် အောင်လအန်ဆန်ကနောက်ဆုံးအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် အောင်လအန်ဆန်ဟာ အဆိုပါပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်သည့်အနေဖြင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် Hard Knocks 365 အားကစားရုံတွင် အင်္ဂလန်ကစားသမား Vassel ၊ ဘရာဇီးကစားသမား Fourtuna ၊ အမေရိကန်ကစားသမားဖြစ်ကြသည့် Rockhold ၊ Mowry နှင့် Mitrione တို့နှင့်ပူးပေါင်းလေ့ကျင့်မှုတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Photo - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။