အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ သူ့ကိုထောက်ခံခဲ့ မြို့နယ်စီရင်စု အုပ်ချုပ်ရေးမှူးတွေနဲ့ ပြုလုပ်တဲ့အစည်းအဝေးမှာတော့ ဒီမိုကရက်ပါတီဝင်အမတ်တွေကို ပုတ်ခတ်ပြောကြားမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

ထရမ့်ကတော့ ဒီမိုကရက်ပါတီဝင် အမတ်တွေဟာ ရွှွေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းရေး ငွေထုတ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့ဟာ လူသတ်သမားတွေ၊ ပြန်ပေးသမားတွေ အပါအဝင် ရာဇဝတ်သားတွေကို နိုင်ငံထဲ ဝင်ခွင့်ပေးချင်နေတယ်လို့ ပါပြောကြားခဲ့ပါတယ်။

ဒီမိုကရက်ပါတီဝင်အမတ်တွေဟာဆိုရင်လည်း ထရမ့်အစိုးရက အမေရိကန် လူဝင်မှုကြီးကြပ်ရေး နဲ့ အကောက်ခွန်ရဲတွေ ဖမ်းထားတဲ့ လူတွေ ပိုများများ ထိန်းသိမ်းဖို့ စခန်းချဲ့မယ့် အစီအစဉ်ကို ဆန့်ကျင်ခဲ့သလို နယ်စပ်တံတိုင်းဆောက်ဖို့ ငွေပိုထွက်လာအောင် ထိန်းသိမ်းရေးစခန်းထဲက အိပ်ရာ အရေအတွက်ကို လက်ရှိ လေးသောင်းကျော်ကနေ ၃ သောင်းခွဲကျော်ထိ လျှော့ချဖို့ ဆော်သြထားကြပါတယ်လို့သိရပါတယ်။  

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။