အာဆင်နယ်အသင်းကွင်းလယ်ကစားသမား ရမ်ဆေးဟာ စီးရီးအေကလပ် ဂျူပင်တပ်အသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် အသင်းနှင့်အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ ဂျူပင်တပ်စ်အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပြီး ယခုနှစ်ဘောလုံးရာသီကုန်သည်အထိ အာဆင်နယ်အသင်းတွင် ကစားသွားမည်ဖြစ်သော်လည်း လာမည့် ဇူလိုင် ၁ ရက်နေ့တွင် ဂျူပင်တပ်စ်အသင်းသို့ပြောင်းရွှေ့ကစားသွားမှာပဲ ဖြစ်ပါတယ်။ 

ဂျူပင်တပ်စ်အသင်းဟာ ရမ်ဆေးကို လုပ်ခလစာအဖြစ် တစ်နှစ်လျှင် ယူရို ခုနှစ်သန်းထိ ပေးချေသွားမှာပဲ ဖြစ်ပါတယ်။ " ရမ်ဆေးက ကျွန်တော်ဟာ ဂျူပင်တပ်စ်အသင်းနှင့်အကြိုသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးပီပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကို သစ္စာရှိရှိအားပေးလာခဲ့ကြတဲ့ ကျွန်တော့် ပရိတ်သတ်တွေကို အသိပေးချင်ပါတယ်။ အာဆင်နယ်အသင်း ပရိတ်သတ်တွေဟာ ကျွန်တော်အာဆင်နယ်အသင်းကို ရောက်လာကတည်းက ကျွန်တော်ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့ကစားသမား အတက်အကျ တွေမှာလည်း ပရိတ်သတ်တွေက မေတ္တာမပျက်ပဲ အားပေးခဲ့ကြပါတယ်။ ဒီအသင်းမှာ ၁၁ နှစ်ကြာ ကျင်လည်ခဲ့ပြီးမှ အခုလိုစွန့်ခွာသွားရမှာ ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ပါတယ်လို့ " လူမှုကွန်ယက်မှတစ်ဆင့် ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ၎င်းက " အာဆင်နယ်အသင်းမှာ ရာသီကုန်တဲ့အထိ ကျွန်တော်ဆက်ရှိနေမှာ ဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်တွေမှာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားသွားမှာပါ။ အသင်းရလာဒ်ကောင်းအောင် ကျွန်တော့်ဘက်ကတတ်နိုင်သလောက် ကြိုးစားကစားသွားမှာလို့လည်း " ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Source - Aaron Ramsey 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။