ပြီးခဲ့တဲ့ နှစ်တွေတုန်းမှာတော့ ကလေးမံမီရုပ်အလောင်းတစ်ခုကို အမေရိကန် တက္ကဆက်ပြည်နယ်က ပြတိုက်တခုမှာပြသထားခဲ့ပါတယ်။

၎င်းပြသထားတဲ့ ကလေးမံမီရုပ်အလောင်းဟာဆိုရင်လည်း အနှစ် ၂၀၀၀ သက်တမ်းရှိနေပြီဖြစ်တဲ့ မံမီရုပ်အလောင်းတစ်ခုပဲဖြစ်ပါတယ်။

၎င်းမံမီရုပ်အလောင်းထဲက ကလေးငယ်လေးရဲ့အသက်ကတော့ ၂ နှစ်ကနေ ၄ နှစ်ကြားရှိပြီဖြစ်ပြီး

တက္ကဆက်ပြည်နယ် ကောပက်စ် ခရစ္စတီ မြို့က သိပ္ပံနဲ့သမိုင်းပြတိုက်မှာ ဆယ်စုနှစ်ချီ ရှိနေခဲ့တာပဲဖြစ်ပါတယ်။

၎င်းကလေးမံမီရုပ်အလောင်းကိုတော့ ဦးခေါင်းခွံနဲ့ ခြေထောက်ကိုသာ ချန်ထားပြီး ကျန်တဲ့နေရာတွေအကုန်လုံးကို ကြိုးနဲ့ရစ်ပတ်ပြီးထားရှိထားပဲဖြစ်ပါတယ်။

သို့ပေမယ့် ၎င်းကလေးမံမီရုပ်အလောင်းကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အမိမြေနိုင်ငံဖြစ်တဲ့ ပီရူးနိုင်ငံကို ပြန်လည်ရောက်ရှိသွားခဲ့ပြီလို့သိရပါတယ်။

ဒါ့ကြောင့် ဒီကလေးမံမီရုပ်အလောင်းကို ကြည့်ချင်တဲ့သူတွေဟာ အမေရိကန်ကိုသွားစရာမလိုတော့ဘဲ ပီရူးနိုင်ငံကိုသာ သွားရောက်ပြီး ကြည့်ရှုနိုင်ပြီပဲဖြစ်ပါတယ်။

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။