ကာဒစ်ဖ်အသင်းသို့နန်းတက်စ်မှ ပေါင် ၁၅ သန်းဖြင့်ပြောင်းရွှေ့ရန် သဘောတူစာချုပ်ချုပ်ဆိုပြီး သုံးရက်အကြာ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နန်းတက်စ်မြို့မှ ကာဒစ်ဖ် မြို့သို့လေယာဉ်ငယ်ဖြင့် အပြန် လေယာဉ်ပျက်ကြပြီး သေဆုံးခဲ့သော အာဂျင်တီးနားတိုက်စစ်မှူး အီမီလီယာနိုဆာလာရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ ဒိုးဆက်မြို့မှ အာဂျင်တီးနားနိုင်ငံသို့လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်လာမှာပဲ ဖြစ်ပါတယ်။ 

အာဂျင်တီးနားနိုင်ငံ ဘရူနိုအေးရိစ်မြို့မြောက်ဘက်မိုင် ၃၀၀ အကွာတွင်ရှိသော ငယ်စဉ်က ကစားခဲ့တဲ့ မိခင်အသင်း ဆန်မာတင်အက်ဖ်စီကွင်းတွင် ဆာလာရဲ့အောက်မေ့ဖွယ် အခမ်းအနားအဖြစ်ကျင်းပမှာပဲ ဖြစ်ပါတယ်။ သူသေဆုံးမှုနဲ့ပက်သက်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တစ်ချို့တွင်လည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတွေလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။  

ဆာလာဟာ ဆန်မာတင်အက်ဖ်စီအသင်းတွင် အသက် ၁၅ နှစ်အရွယ်အထိကစားခဲသူဖြစ်ပြီး အဆိုပါအသင်းရဲ့အိမ်ကွင်းနာမည်ကိုလည်း အီမီလီယာနိုဆာလာဟု အမည်ပြောင်းဂုဏ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ သယ်ဆောင်မှုအတွက် ကုန်ကျစရိတ်များကို ကာဒစ်ဖ်အသင်းပိုင်ရှင် ဗင်းဆင့်တန်က အကုန်ကျခံမာပဲ ဖြစ်ပါတယ်။

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။