မန်စီးတီးကို ခြောက်ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီးနောက် ချယ်လ်ဆီးနည်းပြဆာရီသည် ဘွတ်ကီဒိုင်များကြား ပရီးမီးယားနည်းပြများအနက် ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးသူအဖြစ် အလေးပေးဖွင့်လှစ်မှုများပြုလုပ်ချိန် ချယ်လ်ဆီးအသင်းသည် ဆာရီနေရာတွင် ဇီဒန်းကို နည်းပြအသစ်အဖြစ်ခန့်အပ်ရန် ဆွေးနွေးပြောဆိုနေပြီဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းဌာနမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။  

ဇီဒန်းဟာ ရီးရဲလ်ကိုသုံးနှစ်ဆက်တိုက်ချန်ပီယံဖလားရယူပေးနိုင်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ကာ အနားယူနေသူဖြစ်ပြီး မည်သည့်နစ်နာကြေးမှပေးစရာမလိုဘဲ ခေါ်ယူုနိုင်သူဖြစ်သလို နည်းပြတစ်ဦးအရည်အချင်းအရလည်း ပြောစရာမလိုအောင်ပြည့်စုံသူဖြစ်သောကြောင့် ဆာရီနေရာတွင်အစားထိုးရန် အသင့်လျော်ဆုံးဖြစ်တယ်လို့ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက လက်ခံထားပြီး ခန့်အပ်ရန် ဆွေးနွေးပြောဆိုနေပြီလို့ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်။  

အကယ်၍ ဇီဒန်းကိုခေါ်ယူနိုင်ခြင်း မရှိခဲ့လျှင် လက်ရှိဆာရီရဲ့နည်းပြအဖြစ် တာဝန်ယူထားသော ဇိုလာကိုတာဝန်အေးရန် ရှိနေကြောင်း သိရပါတယ်။ ဇီဒန်းကိုခန့်အပ်လျှင် အသင်းမှထွက်ခွာပြီး ရီးရဲလ်သို့ပြောင်းလိုနေသော အဓိကကွင်းလယ်တိုက်စစ်ကစားသမား ဟာဇက်ကိုလည်း အသင်းတွင် ဆက်ထားနိုင်မယ်လို့ချယ်လ်ဆီးလ်ဘုတ်အဖွဲ့က ယူဆနေတာလည်း ဖြစ်ပါတယ်။

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။