မခိုင်လေးတစ်ယောက် အခုချိန်ထိ အရွယ်တင်နုပျိုနေတာဟာ စိတ်ချမ်းသာမှုကြောင့်လို့ အသေအချာပြောနိုင်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးနဲ့ ပရိသတ်အချစ်တော်လေးအဖြစ် ရပ်တည်နေပြီး ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲလည်း အထည်ချုပ်စက်ရုံအပြင် " ခသုံးလုံး " ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပါသေးတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး စံထိပ်ထားဦးကလည်း မေမေ့ခြေရာကိုအပြည့်အဝနင်းမယ့် သမီးလေးဖြစ်လာမလားဆိုတာကိုလည်း အားလုံးကစိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ ကြော်ငြာလေးတွေရိုက်ကူးထားတာရှိပြီး အကယ်ဒမီဗန်းကိုင်အဖြစ်လည်း ပါဝင်ကူညီထားပါသေးတယ်။ သွက်သွက်လက်လက်ရှိတဲ့ သူမရဲ့ပုံစံလေးကြောင့် ပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်လို့နေပါတယ်။

Valentine's Day မှာ မိသားစုသုံးယောက်ပျော်ပျော်ပါးပါးနဲ့ Novotel Yangon Max Hotel မှာ ညစာသွားရောက်စားခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီနောက်မှာတော့ သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ Ro ဆန်ဆန်ပုံရိပ်လေးတွေကို " Got a love house as a Valentine’s present from hubby " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ မြင်ရတာတကယ်ကို အားကျချင်စရာကြီးပါနော်။

Photo - Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။