အပျိုကြီးမမ မအေးသောင်းတစ်ယောက် ချစ်သူများနေ့မှာ နမ့်ဆန်မြို့ကို ရိုက်ကူးရေးနဲ့ရောက်ရှိနေတာပဲဖြစ်ပါတယ်။ အချိန်တိုင်းလိုလိုမှာ မြန်မာဝတ်စုံလေးနဲ့ အေးချမ်းလှတဲ့သူမရဲ့အလှတရားကို ရိုးရိုးလေးဖော်ထုတ်တတ်တဲ့ မအေးသောင်းတစ်ယောက် မြန်မာဝတ်စုံလေးဝတ်ပြီး ရှုတင်အဖွဲ့သားတွေကို ချောကလက်ဝေကာ Sunkist တွေ တိုက်နေတာပဲဖြစ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ အလှတွေကိုပိုပိုတိုးလာပြီး ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ သူမက တည်တည်ငြိမ်ငြိမ်လေး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ချစ်သူနဲ့လည်း ချစ်သက်တမ်း တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိတော့ မင်္ဂလာသတင်းကို ပရိသတ်တွေကို တရားဝင်အသိပေးတာတွေမရှိသေးပါဘူး။

သူမရဲ့ Valentine Day နေ့ရက်လေးကို ဘယ်လိုကုန်ဆုံးသွားကြောင်းကို " ချစ်သူများနေ့မှာ ချစ်ရတဲ့ ရှူတင်အဖွဲ့သားတွေကို Sunkist တိုက်တယ် ချောကလက်ဝေတယ်။ Happy Valentine Everyone " ဆိုပြီး လူမှုကွန်ယက်ကနေတဆင့် ပုံရိပ်လေးတွေနဲ့တကွ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် လှလွန်းတဲ့ အပျိုကြီးမမပါပဲ ပရိသတ်ကြီးရေ။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။