ရုပ်ရှင်သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ ချောမောလှပတဲ့ ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ သူနဲ့ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ သားလေးကို ရရှိထားတဲ့ မြင့်မြတ်က သူချစ်ရတဲ့မိသားစုလေးနဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ အခုဆိုရင် မြင့်မြတ်ရဲ့သားလေးက ပါးဖောင်းဖောင်းလေးတွေနဲ့ ဖိုးဝရုပ်လေးလို ပိုပိုပြီးချစ်စရာကော်ငးလာပါတယ်။

ပြီးခဲ့တဲ့ Valentine Day မှာတော့ မြင့်မြတ်က သူချစ်ရတဲ့ဇနီးလေးနဲ့အတူ ပျော်ရွှင်စရာနေ့ရက်လေးကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေ အပြတ်အသတ် Romantic ဆန်ကြတဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့လေးမှာ မြင့်မြတ်ကလည်း အားကျမခံ ချစ်ဇနီးလေးနဲ့ ချစ်သူဘဝက အမှတ်တရပုံလေးတွေကို ထုတ်ပြလိုက်ပါတယ်။ ချစ်စရာကောင်းတဲ့ မြင့်မြတ်တို့စုံတွဲရဲ့ အမှတ်တရပုံလေးတွေက တကယ့်ကို ကြည်နူးစရာကောင်းနေပါတယ်။

မြင့်မြတ်က "သူများတွေအားကျလို့ ကိုယ်တွေလည်းတင်လိုက်ပြီ ချစ်တဲ့သူတွေ Share သွား " ဆိုပြီး ချစ်ဇနီးလေးနဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ မြင့်မြတ်တို့စုံတွရဲ့ ချစ်သူဘဝက ပုံရိပ်လေးတွေကတော့ အနမ်းလေးတွေ အပြန်အလှန်ခြွေရင်း အပြတ်အသတ် Roamntic ဆန်ခဲ့ကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်တို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:မြင့်မြတ်;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။