ပရိတ်သတ်ကြီးရေ အကယ်ဒမီယွန်းယွန်းကတော့ အသက်၂၀သာရှိသေးပြီး ကလေးဘဝကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ မင်းသမီးချောလေးပါနော်။ယွန်းလေးက ငယ်ငယ်ကတည်းက ဇာတ်ကားပေါင်းများစွာရဲ့ ကျရာဇာတ်ရုပ်တိုင်းမှာ အိုင်တင်ကောင်းကောင်းနဲ့ သရုပ်ဆောင်တဲ့ ကလေးလေးဖြစ်ပါတယ်။ပရိတ်သတ်တွေကလည်း သူမကို ကလေးသရုပ်ဆောင်ကတည်းက စသတိထားမိပြီး ယွန်းလေးကို အရမ်းအားပေးချစ်ခင်ကြပါတယ်နော်။

ယွန်းလေးက အခုဆိုရင် ဆယ်ကျော်သက် အရွယ်ကို ရောက်နေပြီး လှသွေးကြွယ်နေတဲ့အချိန်လေးမှာ မြင်သူတကာငေးရလောက်အောင် အရမ်းကိုနုဖတ်ပြီး လှပါတယ်နော်။သူမရဲ့ ဆံနွယ်ရှည်ရှည်လေးနဲ့ပါးချိုင့်လေးက ထင်းနေတာကြောင့် သူမရဲ့ အလှကို ပိုပြီးပေါ်လွင်စေပါတယ်။ယွန်းလေးက အခုချိန်ထိလည်း ဇာတ်ကားတွေကို ရိုက်ကူးနေပြီး ယခုချိန်မှာဆိုရင်တော့ ကလေးသရုပ်ဆောင်မဟုတ်တော့ဘဲ မင်းသမီးလေးဖြစ်လို့ နေပါပြီနော်။

ယွန်းယွန်းက အနုပညာအလုပ်တွေကိုလည်း တစ်စိုက်မက်မက်လုပ်ဆောင်သလို ပညာရေးမှာလည်း ထူးချွန်အောင် ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပရိတ်သတ်တွေရဲ့ အချစ်ကို ခံယူထားတဲ့ မင်းသမီးချောလေးယွန်းယွန်းက ယခုချိန်ထိ ရည်းစားမထားပဲ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပါ။မနေ့က ချစ်သူများနေ့မှာ ယွန်းယွန်းက ဗူးဖောင်းလေးရယ် ပန်းစည်းလေးရယ်ကို ရခဲ့ပြီး ပရိတ်သတ်တွေအထင်လွဲမှာဆိုးလို့ ပွဲတစ်ခုကိုတက်ရောက်ရင်း ရခဲ့တာပါလို့ ယွန်းလေးက ရှင်းပြထားပါတယ်နော်။

Source:Yoon Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။