ကိုယ်ပိုင်သံစဉ်သီချင်းအများစုနဲ့ ပရိသတ်အားပေးမှုရရှိလာတဲ့ အဆိုတော် ဟန်ထူးလွင် Big Bagကတော့ မကြာသေးမီးက မိသားစုနဲ့ပျော်ပျော်ပါးပါး ခရီးထွက်ခဲ့ပါတယ်။

ဒီနေ့ မတ်လ(၂၄)ရက်ကတော့ Big Bag ရဲ့ ချစ်စဖွယ် သမီးလေး ခင်မဒီထူးလွင် ရဲ့ (၃)နှစ်ပြည့်မွေးနေ့ဖြစ်တယ်လို့သိရပါတယ်။

သမီးလေးရဲ့ မွေးနေ့အလှုအဖြစ် မနက်ပိုင်းက မြောက်ဥက္ကလာပဆေးရုံ မှာ ကြက်သားဆန်ပြုတ်နဲ့ ကြက်ဥပြုတ်တွေ ပေးဝေကာ မိသားစုလိုက် ကျွေးမွေးလှုဒါန်းခဲ့တဲ့အကြောင်း လူမှုကွန်ရက်မှာ တင်ထားပါတယ်။

ဝဝကစ်ကစ်ချစ်စရာသမီးလေးကို ပိုင်ဆိုင်ထားတဲ့ Big Bag ဇနီးမောင်နှံကတော့ အခုလိုအလှုအတန်းပြုလုပ်ခွင့်ရလို့ ကြည်နူးပိတိဖြစ်နေပါတယ်။

သမီးလေး ခင်မဒီထူးလွင်ကလည်း ဖေဖေ မေမေတို့နဲ့အတူ ပါဝင်ပြီး မုန့်တွေလက်ဆင့်ကမ်းလှှုဒါန်းခဲ့ပါတယ်။

၀ါရင့်အဆိုတော်ကြီး ရင်ဂိုရဲ့ သားတစ်ဦးဖြစ်တဲ့ Big Bag ကို ချစ်ကြတဲ့ အမာခံပရိသတ်အများစုကတော့ လူငယ်ကောင်လေးတွေဖြစ်ပြီး ခန္ဓာကိုယ်မှာ Bigbag အမည်နဲ့ တက်တူးထိုးထိတဲ့ အားပေးကြမ်းကြပါတယ်။  

သတင်းအရင်းမြစ် Big Bag wall

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။