ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြတဲ့ လူငယ်သရုပ်ဆောင်တွေထဲမှာ မင်းသားချောလေး အိစိကွေးကိုတော့ ဇာတ်ကားတော်တော်များများမှာ ပရိသတ်တွေ မြင်တွေ့ရမှာပါနော်..။

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေနဲ့ အချစ်တွေကို အပြည့်အဝရရှိထားသလို ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း ပရိသတ်တွေရင်ထဲက အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး..။

ပရိသတ်တွေရဲ့အသည်းကျော် မင်းသားချောလေးအိစိကွေးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို ပညာရေးဘက်မှာလည်း မလစ်ဟင်းအောင် ကြိုးစားနေပြီး အလုပ်တွေတစ်ဖက်နဲ့ တက္ကသိုလ်စာမေးပွဲကိုလည်း အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့တာလည်း တွေ့ရပါတယ်..။

အိစိကွေးကတော့ ဒဂုံတက္ကသိုလ်မှာ ပထမနှစ်ဥပဒေ စာမေးပွဲကို အောင်မြင်ခဲ့တာဖြစ်ပြီး “ဆောဒီးပဲ အောင်တယ်

၁ဥ-၂၀၇ မောင်ကိုကိုအောင်..” ဆိုပြီး စာမေးပွဲအောင်လို့ စိတ်ပျော်နေရတဲ့ သူ့ရဲ့ပျော်လေးတွေကိုလည်း အိစိက ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသားတစ်ဦးပီပီ လတ်တလောမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်မှုတွေကို အများဆုံးရရှိထားသူလည်း ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ တက္ကသိုလ်ပထမနှစ် ဥပဒေကို အောင်မြင်သွားတဲ့ အိစိကွေးရဲ့ပျော်စရာသတင်းကောင်းလေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ဂုဏ်ပြုစကားလေးတွေလည်း ပြောပေးသွားပါဦးနော်..။

Photo - အိစိကွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။