အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ နည်းပြခဲ့ပြီး ရာထူးမှထွက်ခွာခဲ့သော အာဆင်ဝင်းဂါးက လက်ရှိစပါးအသင်းမှာ မန်ယူအသင်းကို တစ်ရာသီအတွင်း ဖလားသုံးလုံး ရယူပေးနိုင်ခဲ့သည့် အကောင်းဆုံးမျိုးဆက်ဖြစ်သော ၉၂ မန်ယူအသင်းမျိုးဆက်နှင့် ခိုင်းနှိုင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဝင်းဂါးဟာ BelINSPORT ရုပ်သံတွင် စပါးနှင့်ဒေါ့မွန်တို့ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲကို ဂူလစ်၊ ဒက်ဆာလီတို့နှင့်အတူ သုံးသပ်တင်ဆက်ခဲ့ပြီး ထိုပွဲအပြီးတွင် ဒေါ့မွန်မှ အင်္ဂလန်လူငယ်ကစားသမား ဆန်ချိုအား အာဆင်နယ်သို့ခေါ်ယူရန် ကြိုးစားဖူးကြောင်းနှင့် လက်ရှိစပါးအသင်းမှာ ဘက်ခမ်း ၊ ဂစ် ၊ နဗီးလ်၊ ပေါလ်စခိုး ၊ တို့ရဲ့၉၂ မန်ယူ မျိုးဆက်နှင့် တူညီတယ်လို့ပြောကြားထားတာပဲ ဖြစ်ပါတယ်။  

ထိုပွဲမှာ စပါးအသင်းရဲ့အဓိက ကစားသမားများဖြစ်ကြတဲ့ ဟယ်ရီကိန်းနှင့် ဒယ်လီအလီမပါဝင်သော်လည်း သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ စပါးအတွက် ဂိုးများကို ဆွန်ယောင်မင် ၊ ဗာတွန်ဂန်နှင့် လော်ရန်တေးတို့က သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ လန်ဒန်မြို့မြောက်ပိုင်းအခြေစိုက် ကလပ်အသင်းတစ်သင်းဖြစ်သော စပါးသည် အာဂျင်တီးနား လူမျိုးနည်းပြဖြစ်သော ပိုချက်တီနို လက်အောက်တွင် ဆုဖလားရရှိခဲ့ခြင်း မရှိသဖြင့် ဝေဖန်မှုများကို ရင်ဆိုင်နေရသော်လည်း အာဆင်ဝင်းဂါးက ပိုချက်တီနိုရဲ့စပါးအသင်းအား ဖာဂူဆနိနှင့် ဖလားသုံးလုံးဆွတ်ခူးခဲ့သော မန်ယူအသင်းနှင့်နှိုင်းယှဉ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ 

ဝင်းဂါးက " ဆန်ချိုက အင်္ဂလန် နိုင်ငံသား ဖြစ်လို့ကျွန်တော် မန်စီးတီးမှာ ပွဲကစားခွင့်မရချိန် ခေါ်ဖို့ကြိုးစားခဲ့ဖူးတယ်။ အသက်ငယ်ငယ်လေးနဲ့ဖိအားများစွာ ရင်ဆိုင်ပြီး ထွန်းတောက်လာသူပါ ။ စပါးအသင်းရဲ့အနေအထားကတော့ လူငယ်တွေများစွာကို အကောင်းဆုံးမျိုးဆက်အဖြစ် မွေးထုတ်ထားနိုင်လို့မန်ယူ ၉၂ မျိုးဆက် နဲ့တောင် နည်းနည်းဆင်တယ်လို့ ထင်တယ်။ စပါးအသင်း လက်ရှိ အကောင်းဆုံး ပုံစံရနေတယ်ဆိုပင်မဲ့ အင်္ဂလန်မှ ဆုဖလားရဖို့ ခက်ခဲတယ်လို့" ပြောကြားခဲ့ပါတယ်။

Source - BBC Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။