အဆိုတော်လည်းဖြစ် မော်ဒယ်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းတစ်ယောက် သိပ်ချစ်တတ်တဲ့ခင်ပွန်းကြောင့် အပျော်တွေမဆုံးနိုင် ဖြစ်ခဲ့ရပါတယ်။ သားလေးကို ကိုယ်ဝန် လွယ်ထားရပြီး မကြာခင်မှာ မေမေအဖြစ်နဲ့ ရာထူးတိုးတော့မှာပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူရဲ့ ဆန္ဒလေးဖြစ်တဲ့ သားယောကျာ်းလေးကို သူမကလွယ်ပေးထားနိုင်တာဖြစ်လို့ အတိုင်းမသိဝမ်းသာတယ်လို့လည်းဆိုခဲ့ပါသေးတယ်။ နှစ်ယောက်သားရဲ့ အိမ်ထောင်သက် တမ်းဟာ တစ်နှစ်ကျော်ကာလရှိခဲ့ပြီဖြစ်ပြီး ကိုယ်ဝန်ကတော့ ငါးလကျော်လာခဲ့ပြီပဲဖြစ်ပါ တယ်။

မကြာခင်ကာလအတွင်းမှာ ချစ်စရာကောင်းတဲ့ သားဦးရတနာလေးကိုပိုင်ဆိုင်ပြီး ပျော်ရွှင် စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ သိပ်ချစ်တတ်တဲ့ ခင်ပွန်းကလည်း သူမကိုအမြဲတမ်းအလိုလိုက်ပြီး မျက်နှာပေါ်က အပြုံးတွေကိုအမြဲတမ်း ဖန်တီးပေးနိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ အမျိုးသားတစ်ဦးဖြစ်တာမို့ နန်းမြတ်တစ်ယောက်ကို တကယ့်ကိုကံကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။

ပြီးခဲ့တဲ့ Valentine Day မှာ ခင်ပွန်းဖြစ်သူက သူမအတွက် Surprise လေး ပြင်ဆင်ပေး ထားတာကို " ချစ်ရပါသောအချစ်ဆုံးယောက်ျားရေ အရမ်းလဲပျော်သလိုအရမ်းလဲကျေးဇူး တင်တယ် ဒီလောက်ထိပြင်ဆင်ထားမယ်လို့လုံးဝမထင်ထားဘူး Perfect Night " ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ သူမတို့ နှစ်ယောက်ရဲ့ ရင်ခုန်ဖွယ် Valentine Night ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Nan Myat Phyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။