မနေ့ကဆိုရင်တော့ ဖူးပွင့်တဲ့နေ့ရက်လေးဖြစ်တဲ့ Valentine Day လေးပဲဖြစ်ပါတယ်။ လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူအတွက် ပျော်ရွှင်စရာတွေ ကြည်နူးစရာတွေ လုပ်ပေးခဲ့တာပေါ့။ လူတိုင်းအားကျခဲ့ရတဲ့ Nick Jonas နဲ့ Priyanka Chopra တို့ဟာဆိုရင်လဲ သူတို့ရဲ့ ပထမဆုံး Valentine Day လေးကို အတူတူ ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းခဲ့ပါတယ်။ ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက် ဘယ်လိုဖြတ်သန်းခဲ့ကြလဲထင်လဲ...။ သူတို့ရဲ့ မင်္ဂလာဆောင်က ပုံရိပ်လေးတွေကို တစ်ခါအားကျခဲ့ပြီးပြီ...ခုဒီတစ်ခါ ထပ်လာတဲ့ ပုံလေးတွေကိုရော......။ 

Nick Jonas အသက် ၂၆နှစ်နဲ့ Priyanka Chopra အသက် ၃၆နှစ်တို့ဟာ အသက် ၁၀နှစ်ကွာကြပေမဲ့ သိပ်ချစ်ကြတဲ့ အတွဲဆိုတာ လူတိုင်းသိကြမှာပါ။ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတရားတွေပေါ်လွင်နေတဲ့ အချစ်ပုံလေးကို social media ပေါ် မျှဝေပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်ပုံရိပ်ဟာဆိုရင်တော့ No Caption ပါပဲနော်...နှစ်ယောက်လုံးက ချစ်နေကြပါတယ်။ Chopra ဟာသူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကို 'Happy Valentine's Day to you and yours! How lucky am I...' ဆိုပြီး Caption တပ်ကာတင်ခဲ့ပါတယ်။ 

ပုံတစ်ပုံကတော့ piano ကိုတီးဖို့ထိုင်နေတဲ့ Nick Jonas ရဲ့နောက်ကနေ အနီရောင်ကို ဝတ်ဆင်ထားတဲ့ မိန်းကလေး Chopra က နူးညံစွာ သူခင်ပွန်းပခုံအပေါ် လက်တင်ထားတဲ့ ပုံလေးပဲဖြစ်ပါတယ်။ အနှီရောင်ဆိုတာ Romatic color လို့ပြောလို့ရပါတယ်။ နောက်ထပ်တစ်ပုံကိုတော့ သူမဟာ 'Happy Valentine's Day to you and your loved ones.. always and forever ' ဆိုပြီး Caption တပ်ကာတင်ခဲ့ပါတယ်။ အဲ့ပုံလေးဟာဆိုရင်တော့ Chopra ကသူမရဲ့ယောကျ်ားဖြစ်သူပါးလေးကို ယုယကြင်နာစွာ နမ်းရှိုက်နေတဲ့ အနေအထားလေးဖြစ်ပါတယ်။ ချစ်နေကြတယ်နော်.......။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။