ချစ်ပရိတ်သတ်ကြီးရေ... အခြားအဆိုတော်တွေနဲ့ မတူတဲ့ထူးခြားတဲ့သီဆိုပုံလေးနဲ့ ပရိတ်သတ်တွေရင်ထဲထိအောင်သီဆိုနိုင်တဲ့သူမရဲ့ အသံချိုချိုလေးတွေကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ အဆိုတော်မလေးပန်းရောင်ခြယ်ဟာ ပရိတ်သတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ပါနော်။ ချစ်ဖို့ကောင်းတဲ့ အရုပ်မလေးလို မျက်နှာလေးနဲ့ ခန္ဓာကိုယ်လှလှလေးရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်နော်။

သူမဟာ ကိုယ်ပိုင်သံစဉ်လေးတွေ ကိုယ်ပိုင်စာသားလေးတွေကို ကိုယ်တိုင်ရေးစပ်ပြီး ပရိတ်သတ်တွေကိုချပြလေ့ရှိပါတယ်နော်။ သူမဟာ နိုင်ငံခြား မှာကျောင်းတက်နေတဲ့အချိန်ကတည်းက ကျောင်းBandတွေမှာသီချင်းတွေဝင်ရောက်သီဆိုခဲ့ပြီး Vocal scholarship တွေလည်းရရှိခဲ့သူလေးပါနော်။ ဒါကြောင့်မို့လို့လည်းသူမထွက်ရှိလာတဲ့သီချင်းလေးတွေတိုင်းဟာ အများနဲ့မတူဘဲခွဲထွက်နေတဲ့ပုံစံလေးတွေဖြစ်ပြီးတော့ ပရိတ်သတ်တွေကိုအမြင်လေးတွေဆန်းစေခဲ့ပါတယ်နော်။

အခုတစ်ခါမှာလည်း သူများတွေစုံတွဲတွေကိုယ်စီနဲ့ သာယာပျော်ရွှင်နေကြတဲ့အချိန်မှာ သူမချစ်တဲ့ပရိတ်သတ်တွေအတွက်အလုပ်တွေကြိုးစားနေခဲ့ပါတယ်နော်။ အချစ်ရေးအတွက်အချိန်မပေးသေးဘဲသူမဝါသနာနဲ့ ပရိတ်သတ်တွေအတွက်သာ အမြဲလိုလို ဦးစားပေးနေတဲ့ ပန်းရောင်ခြယ်လေးဟာ အခုတစ်ခါမှာတော့ သူမချစ်တဲ့ပရိတ်သတ်တွေဆီကနေပဲ ချောကလတ်တွေ ပန်းစည်းတွေ နဲ့ လက်ဆောင်တွေကို ရရှိခဲ့ပါတယ်နော်။ V Dayနေ့မှာ သူမချစ်တဲ့ပရိတ်သတ်တွေနဲ့အတူတူ ပန်းနုရောင်ဝက်ဝံရုပ်လေးကိုပိုက်ရင်း လက်ဆောင်တွေနဲ့ရိုက်ထားတဲ့ပုံရိပ်လေးတွေကိုတော့ သူမရဲ့ လူမှုစာမျက်နှာပေါ်မှာဖော်ပြခဲ့ပါတယ်နော်။ကဲ...ဒီ ချစ်ဖို့ကောင်းတဲ့သူမရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Pan Yauung Chel

Photo Crd: Phonn Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။