ရွှေရွှေတို့စုံတွဲလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဇနီးမောင်နှံကတော့ တစ်နေ့တစ်ခြား အချစ်တွေတိုးလို့လာတာ တွေ့ရပါတယ်။ တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြတဲ့ သူတို့စုံတွဲလေးကိုတော့ အချစ်ငှက်လေးတွေလို့တောင် ပသတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ Romantic ဆန်တဲ့နေရာမှာလည်း လိုက်မမှီနိုင်လောက်အောင် ချစ်နိုင်လွန်းတဲ့ စုံတွဲလေး ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ချစ်သူများနေ့မှာတော့ ရွှေထူးက ချစ်ဇနီးလေး ရွှေမှုန်ရဲ့နာမည်နဲ့ တန်ဖိုးကြီးရွှေထည်တွေကို ဘုရားမှာလှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ရွှေထူးက နှင်းဆီပွင့်ဖတ်လေးတွေနဲ့ အခန်းတစ်ခန်းလုံးပြည့် ပြင်ဆင်ပြီး ချစ်ဇနီးလေးကို Suprise လုပ်ပေးခဲ့ပါတယ်။ အခုတော့ သူတို့စုံတွဲလေးက ရေကူးရင်းနဲ့ စိတ်ကြိုက်အနားယူနေကြတာ တွေ့ရပါတယ်။

အခုလိုနားရက်ရတဲ့ အားလပ်ချိန်လေးမှာတော့ ရွှေရွှေတို့စုံတွဲက ရေကူးကန်ထဲမှာ ရေကူးလိုက်၊ ဆော့ကစားလိုက်နဲ့ အပန်းဖြေနေကြတာ ဖြစ်ပါတယ်။ ရေကူးကန်ထဲမှာတောင် Romantic ဆန်ဆန် ချစ်နေကြတဲ့ သူတို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကိုတော့ ''Swimming Time'' ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေရွှေတို့စုံတွဲရဲ့ ကြည်နူးစရာကောင်းတဲ့ အမိုက်စားပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။