ယောက်ျားပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ မြင်သူတိုင်းငေးမောရတဲ့ ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ Model အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ နာမည်ရအောင်မြင်နေတဲ့ သင်ဇာက တစ်နေ့တစ်ခြား ပိုတိုးလို့လှလာတာ တွေ့ရပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေကို အသားပေးဝတ်ဆင်လေ့ရှိတဲ့ သင်ဇာက အခုလည်း အမိုက်စား ဗီဒီယိုဖိုင်လေးကို တင်ထားပါတယ်။

လတ်တလောမှာတော့ သင်ဇာက ကြော်ငြာ၊ သီချင်းဗီဒီယိုတွေ ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရပါတယ်။ အခုလည်း သင်ဇာက Bikini ဝတ်စုံလေးနဲ့ ကမ်းခြေမှာ အပြတ်အသတ်ကို လန်းနေတာ တွေ့ရပါတယ်။ တောက်ပတဲ့နေရောင်အောက်မှာ အတွင်းသားအလှတွေ အတိုင်းသားပေါ်နေတဲ့ သင်ဇာရဲ့အလှတရားတွေကတော့ ပရိသတ်တွေကို ရင်ခုန်မိစေမှာ အမှန် ဖြစ်ပါတယ်။

နေရောင်ခြည်အောက်မှာ ကျစ်လစ်လှပတဲ့ Body လေးကို တစ်ပတ်လှည့်ပြရင်း လှချင်တိုင်းလှနေတဲ့ သင်ဇာကတော့ ပက်ပက်စက်စက် ညို့နေတာ ဖြစ်ပါတယ်။ သင်ဇာက '' Morning!!! Rise & Shine '' ဆိုပြီး သူမရဲ့ အမိုက်စား ဗီဒီယိုဖိုင်လေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော သင်ဇာဝင့်ကျော်ရဲ့ ဆွဲငင်အားပြင်းတဲ့ အလှတရားတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thinzar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။