ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ပန်းရောင်ခြယ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ အလှလေးတွေကြောင့် ချစ်ပရိသတ်တွေအသည်းစွဲချစ်ခင်ရသူလေးပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြားမှာ ပရိသတ်တွေရဲ့ အသည်းတွေ လဲပြိုခဲ့ရပြီး မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကိုသာမက ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူလေးပဲဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုတဲ့ အလှလေးတွေကြောင့် ပုရိသတွေအတွက် စွဲမတ် စရာ ကောင်မလေး တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အသည်းကျော်လေးဆိုလဲမမှားပါဘူး။ ယခုချိန်မှာတော့ ချစ်စရာသားလေးရဲ့ မေမေ တစ်ဦးဖြစ်လာပြီ ဖြစ်ပြီး အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်နေပါပြီ။  

ယနေ့မှာတော့ ယွန်းဝတီလွင်မိုးတို့သားအမိလေးရဲ့ ချစ်စရာအိမ်လေးဆီ ပန်ရောင်ခြယ်အိမ်လည်သွားခဲ့ပါတယ်။ ပန်းရောင်ခြယ်ရဲ့ လက်ပေါ်မှာ ပျော်ရွှင်နေတဲ့ liamလေးနဲ့ ချစိစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီတို့ မိသားစုလေးဆီ အလည်သွားခဲ့တဲ့ ပန်းရောင်ခြယ်ရဲ့ ချစ်စရာပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source: ပန်းရောင်ခြယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။