လူတစ်ယောက်ဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကြိုးစားရုန်းကန်ပြီး ရှင်သန်နေနိုင်တယ်ဆိုတာကို ပြသခဲ့တဲ့သူတစ်ဦး။ 

သူ့ရဲ့နာမည်ကတော့ Allan Aguilarလို့ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Leyte မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ Allan ရဲ့ လူမှုကွန်ယက်မှာနာမည်ကြီးလာတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ ဘဝအပေါ်အရှုံးမပေးတဲ့ အလုပ်ကြိုးစားတဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ်။ Allan ဟာ နေ့တိုင်း ကျောပေါ်မှာ ၅ဝကီလိုအလေးချိန်ရှိတဲ့ ကုန်ပစ္စည်းတွေကိုသယ်ပြီး တစ်နေ့ကို အနည်းဆုံး နှစ်ကီလိုမီတာနီးပါးလမ်းလျှောက်ပြီး အလုပ် လုပ်နေရတဲ့သူဖြစ်ပါတယ်။

ခြေထောက်တစ်ဖက်မရှိတဲ့ Allan ဟာ မွေးရာပါချို့ယွင်းလာတာမဟုတ်ပါဘူး။ ခြောက်နှစ်သားအရွယ်မှာ ပြင်းထန်တဲ့မတော်တဆမှုတစ်ခုကြောင့် Allan ဟာ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ မိသားစုကဆင်းရဲလွန်းတာကြောင့် Allan ဟာ ခြေတုတောင် မတက်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် Allan ဟာ သာမန်လူတစ်ယောက်ထက် နှစ်ဆအလုပ်ကြိုးစားသူဖြစ်ပါတယ်။ သူဟာ နေ့စဉ်နေ့တိုင်း ကီလို၅ဝအလေးချိန်ရှိတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီး မြို့ထဲကို သွားပို့ရသူဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်မရှိပေမယ့် ဘဝကို အရှုံးမပေးဘဲ အကောင်းဆုံးကြိုးစားနေသူ Allan ကတော့ လေးစားစရာပါ။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။