ချစ်ပရိတ်သတ်ကြီးရေ... ပရိတ်သတ်ကြီးတွေ ချစ်စနိုးနဲ့ အေးသောင်းလို့ ခေါ်ခေါ်နေတဲ့ မင်းသမီးအေးဝတ်ရည်သောင်းဟာ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုတစ်ခဲနက်ရရှိထားတဲ့သူလေးတစ်ယောက်ပါပဲနော်။ ဆေးစက်ကျရာ သရုပ်ပေါ်အောင် အချစ်အမုန်းအလွမ်းဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့အတွက်ပရိတ်သတ်တွေ သဘောတွေ့နှစ်သက်နေရတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။

လတ်တလောမှာလည်း ရုံတင်ရက်တွေ လနဲ့ချီပြီးကြာတဲ့အထိ စံချိန်ချိုးနိုင်ခဲ့တဲ့ မုန်းစွဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိတ်သတ်တွေ ပါးစပ်အဟောင်းသားဖြစ်သွားရလောက်မယ့် သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ရုပ်ကိုပီပြင်စေခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်နော်။သူမဟာ အနုပညာနယ်ပယ်ထဲမှာ ကာလ အတော်ကြာတဲ့အထိပျောက်သွားခဲ့ပေမယ့် ပရိတ်သတ်တွေရှေ့ကိုသူမပြန်ရောက်လာတဲ့အခါမှာ အရင်ကထက်ပိုပြီး ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေ အနုပညာဝမ်းစာတွေနဲ့ ပရိတ်သတ်တွေအားပေးမှုကိုသိမ်းယူနိုင်ခဲ့သူလေးပါပဲ။

အခုတစ်ခါမှာတော့ သူမဟာ အလုပ်ကိစ္စတွေရှိနေပေမယ့် အချိန်လေးလုကာ သူမရဲ့ သူငယ်ချင်းတွေ အကိုတွေ မောင်တွေ စတဲ့အနုပညာမောင်နှမတွေနဲ့ဆုံတွေ့ပြီးရုပ်ရှင် အတူတူသွားကြည့်ခဲ့ပါတယ်နော်။ ဒါတောင်မှ လက်မှတ်မရလို့ မလိုက်ခဲ့ရတဲ့ သူငယ်ချင်းတွေရှိနေခဲ့ပါသေးတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကလေးလေးတွေလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့သူငယ်ချင်းတွေစုပြီး အမှတ်တရတော့ ဆုံဖြစ်ခဲ့ကြပါတယ်နော်။ ကဲ... နာမည်ကျော်အနုပညာရှင်လေးတွေကို တစ်စုတစ်စည်းတည်းတွေ့ခဲ့တဲ့ မအေးသောင်းရဲ့ ရုပ်ရှင်ကြည့်အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။