ပရိတ်သတ်ကြီးရေ... ဟိုးအရင်ကတည်းကနေ အခုအချိန်ထိ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကိုတစ်ခဲနက်ပိုင်ဆိုင်ထားပြီးတော့ အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို ခိုင်ခိုင်မာမာစိုက်ထူနဲ့ခဲ့တဲ့ မင်းသမီး ခိုင်နှင်းဝေဆိုတာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ပါပဲနော်။အခုအချိန်ထိလည်းအောင်မြင်နေဆဲ ပရိတ်သတ်တွေအားေနေဆဲမင်းသမီးတစ်လက်ဖြစ်ပြီးတော့ အနုပညာရှင်တွေကော ပရိတ်သတ်တွေကပါ လေးစားအားကျနေရသူတစ်ဦးပါနော်။

‌ပရဟိတလုပ်ငန်းတွေမှာလည်း ခိုင်နှင်းဝေပရဟိတ ဖောင်ဒေးရှင်းဆိုတဲ့ နာမည်နဲ့တက်ကြွလှုပ်ရှားပြီး လူမှုပြဿနာ အခက်အခဲပေါင်းများစွာကိုဖြေရှင်းပေးခဲ့သူဖြစ်ပြီးတော့ ပြည်တော်ချစ်အနုပညာရှင်တစ်ဦးပါနော်။ ဒီလိုမျိုးတွေ စိတ်ထားဖြူစင်ပြီး ပရဟိတအလုပ်တွေကို ရှေ့ဆုံးကနေ လုပ်ဆောင်တတ်သူလေးဖြစ်တာကြောင့် စိတ်လှလို့ လူလှတယ်လို့ပဲဆိုရမယ်။ပရိတ်သတ်ကြီးမျက်မြင်ပဲ အခုထိအရမ်းကိုလှပနေဆဲပါနော်။

အသက်အရွယ်ကိုမှန်းလို့ မရအောင် အရွယ်တင်နုပျိုနေတာကြောင့်မအိုဆေးများစားထားသလားလို့တောင်အထင်မှားစရာပါပဲနော်။အခုတစ်ခါမှာလည်းသူမဟာ မကြာခင်မှာရုံတင်ပြသတော့မယ့် Hero ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Showကို ကြက်သွေးရောင်ဖဲသားဖက်ရှင်လေးကိုဝတ်ပြီး သာမန်ပွဲတက်သလိုမျိုးပဲ ပြင်ဆင်ပြီးပွဲတက်ခဲ့ပါတယ်။ဒါပေမယ့် ပရိတ်သတ်တွေလည်ပြန်ငေးရလောက်အောင်ကို ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ထာဝရမပျက်စီးတဲ့အလှတရားကြောင့် ပွဲတက်လာတဲ့ပရိတ်သတ်တွေရင်အခုန်မြန်ခဲ့ရပါတယ်နော်။ကဲ... ပရိတ်သတ်တွေ ကြွေဆင်းခဲ့ရတဲ့ သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိူက်ပါတယ်နော်။

Source : Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။