ပရိတ်သတ်ကြီးရေ သားဂန်းကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာမကြာသေးပေမယ့် အသံကောင်းအဆိုကောင်းသူတစ်ယောက်ဖြစ်လို့ ခဏလေးအတွင်းမှာ ပရိတ်သတ်တွေက သတိထားမိလာကြတာဖြစ်ပါတယ်။သားဂန်းနဲ့ဘေဘီမောင်တို့ စုံတွဲလေးကလည်း ချစ်သူသက်တမ်းက ၇လကျော်ပဲရှိသေးပေမယ့် အခုလက်တလောမှာ ပရိတ်သတ်တွေကြား ရေပန်းစားနေတဲ့ စုံတွဲလေးဖြစ်တဲ့အပြင် ပရိတ်သတ်တွေကလည်း သူတို့စုံတွဲလေးကို အားကျကြပါတယ်နော်။

ဘေဘီမောင်နဲ့သားဂန်းက အနုပညာရှင်တွေပဲဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ ဖေးမမှုတွေနဲ့ လက်တွဲနေကြပြီး အရမ်းကိုလိုက်ဖက်ညီလွန်းလှပါတယ်။ဘေဘီမောင်က ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်တဲ့အပြင် သီချင်းတွေလည်း သီဆိုသူဖြစ်လို့ အသံလေးကလည်း ချိုပါတယ်နော်။မနဲ့မောင်ဇာတ်လမ်းလေးလည်းဖြစ်လို့ သားဂန်းက ဘေဘီမောင်အတွက် အမြဲတမ်းသီချင်းတွေကိုလည်း ဆိုပြနေတဲ့အပြင် ရူတင်ထိလိုက်ပြီးလည်း အသေးစိတ်လေးကအစ ဂရုစိုက်တတ်တဲ့ အရမ်းချစ်စရာကောင်းတဲ့ ချစ်သူလေးကို ရရှိထားလို့ မိန်းကလေးပရိတ်သတ်တွေက အားကျနေပါတယ်နော်။

အခုဆိုရင် ဘေဘီမောင်နဲ့သားဂန်းက ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေကိုလည်း အတူတူလက်တွဲပြီး အလှဆုံးလေးတက်ရောက်နေကြတဲ့အပြင် မိသားစုနဲ့အတူတူ ခရီးတွေထွက်ပြီး မိသားစုနဲ့လည်း ရင်းရင်းနှီးနှီးရှိကာ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူဘဝလေးပါနော်။အခုဆိုရင် ဘေဘီမောင်ကလည်း အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေသလို သားဂန်းကလည်း ခရီးတွေထွက်ပြီး အလုပ်တွေကြိုးစားလုပ်နေရပါတယ်။တစ်ရက်လေးတောင်မခွဲနိုင်တဲ့သူတို့စုံတွဲလေးက အရမ်းကိုလွမ်းလွန်းလို့ မသီချင်းလေးကို သားဂန်းက အလွမ်းပြေလေးသီဆိုလိုက်ပါတယ်နော်။ 

Source:Kyaw Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။