ချစ်ပရိတ်သတ်ကြီးရေ... ပရိတ်သတ်တွေရဲ့နှလုံးသားကို အမိုက်စားသံစဉ်လန်းလန်းတွေနဲ့ ဖမ်းစားနိုင်ခဲ့တဲ့ အသံချိုချိုလေးရဲ့ပိုင်ရှင်လေး နန်းမြတ်ဖြိုးသင်းဆိုတာ နာမည်ကျော်အဆိုတော်မလေးပါပဲနော်။ သူများနဲ့မတူတဲ့ သီဆိုဟန် သံစဉ်လေးတွေကြောင့်ပရိတ်သတ်တွေသတိထားမိလာပြီး ခဏအတွင်းမှာပဲ အားပေးမှုတွေအများအပြားပိုင်ဆိုင်ခဲ့ရသူလေးပါ။

အခုဆိုရင်သူမဟာ သူမကိုအရမ်းချစ် အရမ်းဂရုစိုက်ပေးမယ့်ခင်ပွန်းကောင်းလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားရသူလေးပါနော်။ သူမဟာ အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာတောင် ပရိတ်သတ်တွေအားပေးမှုလုံးဝလျော့မသွားတဲ့အနုပညာရှင်လေးတစ်ယောက်ပါပဲနော်။ ဒါကြောင့်လည်း အိမ်ထောင်ရေးလေးဟာ အဖုအထစ် မရှိဘဲအရမ်းကိုသာယာနေပြီး နန်းမြတ်ဟာ အခုဆိုရင် သားဦးလေး Jack Jackကို ကိုယ်ဝန်လွယ်ထားရပါတယ်နော်။

ဒါကြောင့် မိခင်မေတ္တာလို့ပြောရမလားပဲ။သားလေး Jack Jackကိုမမွေးခင်ကတည်းက သားလေးမွေးလာရင်သုံးဖို့အတွက် ကလေးပစ္စည်းလေးတွေကို ရှာဝယ်ပြီး ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိပါတယ်နော်။ "တနေ့တနေ့ သားသားအတွက်ပစ္စည်းဝယ်တာ ရွေးချယ်ရလွန်းလို့ခေါင်းတွေပါမူးတယ် reviewရှာဖတ်ရတာနဲ့youtubeမှာကြည့်ရတာနဲ့ အရင်ကပစ္စည်းဝယ်ရင်အဲ့လောက်စိတ်မရှည်ဘူး"ဆိုပြီး လူမှုကွန်ယက်ပေါ်မှာသူမရေးသားထားတဲ့ စာသားလေးတွေက မိခင်မေတ္တာကိုအထင်းသားပေါ်လွင်စေပြီး ရင်ထဲ ကြည်နူးစေမှုတွေဖြစ်စေခဲ့တာအမှန်ပါပဲနော် ပရိတ်သတ်ကြီးရေ...

Source : Nann Myat Phyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။