ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မေသန်းနုအနေနဲ့ မြေငှားဂရန်စာချုပ်အတုနဲ့ သိန်းလေးထောင်တန် အရောင်းအဝယ် ပြုလုပ်ခဲ့တာကြောင့် တစ်ပတ်အတွင်း ဖြေရှင်းပေးဖို့ ဒေါ်နှင်းလဲ့အောင်က သူရဲ့ရှေနေတွေက တဆင့် ကြေညာလိုက်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ အဲဒီလို ကြေညာခဲ့တာပါ။ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ၁၅ ရပ်ကွက်အတွင်းက အိမ်နဲ့ခြံကို သိန်းလေးထောင်နဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး အဲဒီအရောင်းအဝယ်ပြုလုပ်ချိန်က အကယ်ဒမီမေသန်းနုပေးအပ်ခဲ့တဲ့ မြေငှားဂရန်စာချုပ်ဟာ အတု ဖြစ်တယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီမြေငှားဂရန်ကို အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ပြုလုပ်ဖို့အတွက် သက် ဆိုင်ရာကို မြေပုံရာဇဝင်ကူးယူဖို့ ဆောင်ရွက်တဲ့အခါမှာ မြေငှားဂရန်အတု ဖြစ်ကြောင်း သိရှိရတယ်လို့ ရေးသားဖော်ပြထားတာပါ။

ဒါပေမယ့် ယခုဆို ကြေညာခဲ့ပြီး တစ်ပတ်လို့ ကန့်သတ်ထားတဲ့ အချိန်ရဲ့ တစ်ဝက်ကို ရောက်ရှိလာပေမယ့် မေသန်းနုဘက်ကနေ ဘာတုန့်ပြန်မှုမှ မတွေ့ရသေးပါဘူး။ မြေငှားဂရန်စာချုပ်မူရင်းကို ဘဏ်တစ်ခုမှာ အပေါင်ထားပြီး ငွေချေးယူထားတယ်လို့ သိရှိတာကြောင့် အကယ်ဒမီ မေသန်းနုအနေနဲ့ ခုနစ်ရက်အတွင်း ဒေါ်နှင်းလဲ့အောင်နဲ့ တွေ့ဆုံပြီး ဖြေရှင်းပေးဖို့ ကြေညာထားပါတယ်။ အဲဒီ လိုတွေ့ဆုံဖြေရှင်းပေးဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေအရ ဆက်လုပ်သွားမယ်လို့ ကြေညာထားတာပါ။

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။