ပရိသတ်တွေရဲ့ ဘဝအမောတွေပြေစေဖို့ ဖျော်ဖြေပေးနေတဲ့ ဟာသသရုပ်ဆောင်တွေထဲမှာ ကစ်ကစ်လည်း ပါဝင်ပါတယ်။ ကစ်ကစ် ရဲ့ပြည့်ပြည့်ဖြိုးဖြိုးခန္ဓာကိုယ်နဲ့ ရယ်သံကို ကြားလိုက်ရင် ပရိသတ်တွေ မရယ်ရမနေနိုင်အောင်ကို ပရိသတ်ကို ပျော်ရွှင်စေခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ရိုက်ကွင်းပေါ်မှာ ပြုံးပျော်ရွှင်နေပေမယ့် ပြင်ပလောကမှာတော့ အခက်အခဲတွေမုန်တိုင်းထန်တဲ့ သူမရဲ့ ဘဝက ကြမ်းတမ်းပါတယ်။ သူမအနေနဲ့ လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေလည်း မကောင်းမွန်သလို စီးပွားရေးအခြေအနေလည်း ဆိုးရွားနေတယ်လို့ သိရပါတယ်။ မကြာခင်က ထွက်ပေါ်လာတဲ့ ကစ်ကစ်ရဲ့ interview မှာ သူမရဲ့ လတ်တလောအခြေအနေနဲ့ ဘဝအကြောင်းတွေ သိခွင့်ရခဲ့ပြီး ပရိသတ်တွေ များစွာဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ပရိသတ်တွေက နွမ်းပါးတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကို မင်းသားမင်းသမီးတွေ အနေနဲ့ ပစ်မထားဘဲ ဝိုင်းဝန်းကူညီကြဖို့ နှိုးဆော်ခဲ့သလို အနုပညာရှင်တွေကလည်း အားတက်သရော ကူညီခဲ့ကြပါတယ်။ နှင်းဆီရင်ခွင် ကျန်းမာရေး အထူးပြုဖောင်ဒေးရှင်း အဖွဲ့မှ ဖူးစုံနဲ့ မေကဗျာတို့က (၅) သိန်း ခန့်စည်သူနဲ့ အခြားအနုပညာရှင်များစွာ ပါဝင်ဖွဲ့စည်းထားတဲ့ "မေတ္တာသင်္ဂဟ" အဖွဲ့က အလှူငွေ (၂၄) သိန်း လှူဒါန်းခဲ့ပြီး သရုပ်ဆောင် စံရတီမိုးမြင့်ကလည်း လှူဒါန်းခဲ့ပါတယ်။

Source: Gon Pone

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။